သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

AA ကလွှတ်ပေးပြီးနောက် ရဲစခန်းတွင် ထပ်မံ စစ်ဆေးခံရသူ အပြစ်မရှိ၍ ပြန်လည်လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.6k

သိန်းဇော် (မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၈ / ၂ဝ၁၉

ရက္ခိုင့်တပ်တော် (AA)က လွှတ်ပေးပြီးနောက် ရဲစခန်းတွင် ထပ်မံ စစ်ဆေးခံရသူသည် အပြစ်မရှိဟုဆိုကာ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့ပေါ်မှ ဆိုင်သည်တစ်ဦးဖြစ်သူ ကိုကျော်ဌေးသည် ရက္ခိုင့်တပ်တော် (AA)၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ပြန်လွတ်လာခဲ့သော်လည်း အာဏာပိုင်များက ထပ်မံ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခံခဲ့ရကြောင်း သိရသည်။

AA ထံမှ လွတ်မြောက်လာသည့်နေ့တွင် ရသေ့တောင်မြို့မရဲစခန်း၌ ထပ်မံအစစ်အဆေးခံခဲ့ရပြီး နောက်တစ်နေ့တွင်လည်း စစ်တွေမြို့သို့လာရောက်ကာ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် ထပ်မံ စစ်ဆေးခံခဲ့ရကြောင်း၊ ၃ ရက်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရပြီးနောက် အပြစ်မရှိဟုဆိုကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပြန်လွတ်မြောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးခံရသူ ကိုကျော်ဌေးက ပြောသည်။

“ကျနော်ပြောချင်တာကတော့ ကျနော့်လို စိတ်မချမ်းသာမှုမျိုး ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။” ဟု ကိုကျော်ဌေးက မီဒီယာများကို ပြောသည်။

ကိုကျော်ဌေးသည် အောက်တိုဘာလ ၂၆ ရက်နေ့က တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၅၈ ဦးကို ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ AA က ဖမ်းဆီးခေါ်ဆောင်စဉ် ပါဝင်သွားသူ တစ်ဦးလည်းဖြစ်သည်။

----------------------------------

Unicode Version








ဆက်စပ် သတင်းများ