သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အမ်းမြို့နယ် ရှောက်ခုံရွာထဲ လက်နက်ကြီးကျည်ကျ၍ ကလေးငယ် ၂ ဦး အပါအဝင် ၆ယောက် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၀/၂၀၂၀

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှောက်ခုံရွာထဲ ယနေ့ ညနေပိုင်းက လက်နက်ကြီးကျည်၍ ကလေးငယ်၂ ဦးအပါအဝင် ရွာသား၆ဦး ဒဏ်ရာ ရရှိသွားကြောင်း ကနဦး သတင်းများ အရ သိရှိရသည်။

ဒဏ်ရာရရှိသွားသူများမှာ မောင်လင်းလင်းချေ (၆) နှစ်၊ မတိုးတိုး (၄) နှစ်၊ မောင်လှမင်းကို (၁၅) နှစ်၊ မောင်မောင် (၁၃) နှစ်၊ မတင်မေနိုး (၃၁) နှစ်နှင့် ဦးခင်မောင် (၅၄) နှစ်တို့ ဖြစ်ကြသည်။

“ လက်နက်ကြီးက ညနေ ၇ နာရီ နီးပါးလာကျတာပါ။ ဒီနေ့ တစ်နေ့လုံး ကဇူးကိုင်းဘက်ကနေ ပစ်ခတ်နေတာတွေ ရှိပါတယ်။ ရွာသားတွေက မနက်ကတည်းက လက်နက်ကြီး ပစ်ခတ်တာတွေရှိလို့ ပုန်းနေရာမှာလာကျတယ်လို့ သိရပါတယ်။ ရွာသားတွ” ဟု ကမ်းထောင်းကြီးမြို့မှ စာရေးဆရာ မောင်ချယ်ရီက ပြောကြားသည်။

ဒဏ်ရာရသူ ၆ယောက်လုံးမှာ ဒဏ်ရာပြင်းထန်၍ မြေပုံမြို့နယ် ကမ်းထောင်းကြီး ဆေးရုံသို့ ယူဆောင် လာသည်ဟု ဆိုသည်။

“ အခု ကြားတာက လက်နက်ကြီး နှစ်လုံး လာကျတယ်။ တစ်လုံးက ဘုန်းတော်ကြီးကျောင်းနဲ့ တစ်လုံးက ရွာထဲမှာကျတယ်လို့ သိရပါတယ်။ လက်နက်ကြီးက ကဇူးကိုင်းဘက်က လာတယ်လို့ သိရတယ်။ ရွာသားတွေလည်း ဖုန်းပိတ်ထားတဲ့ အတွက် သေချာ မေးလို့ မရသေးဘူး။ အသေးစိတ်တော့ သူတို့ ကမ်းထောင်းကြီး ရောက်မှ သိရမယ်” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ ယနေ့ ညနေ ၇ နာရီကျော်က ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ