စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဂျက်ဖိုက်တာတစ်စီး KIA ပစ်ချကြောင်း ဗိုလ်မှူးကြီး နော်ဘူအတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 900

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာတွင်  စစ်ကောင်စီတပ် ဂျက်ဖိုက်တာတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ်တွင်  ပစ်ချလိုက်သည်ဟု သိရသည်။

ထိုသို့ ပစ်ချလိုက်ကြောင်းကို KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုကြောင်း ကချင်သတင်းဌာန (KNG) က သတင်းဖော်ပြသည်။

" ဂျက်ဖိုက်တာတစ်စီး ပစ်ချတာမှန်တယ် ဒီနေ့ နေ့လယ် ‌ ၁၂ နာရီဝန်းကျင်မှာ အသေးစိတ်တော့ မသိရသေးဘူး။ ဂျက်ဖိုက်တာပစ်ချတာတော့ အတည်ပြုပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

Photo: KNG

ဆက်စပ် သတင်းများ