စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ယနေ့နံနက်က ကျောက်တော်မြို့အနီးမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ခဲ့ခြင်းမှာ ကလေးငယ်တစ်ဦး စစ်ကျန်ကျည်တစ်လုံးကို မြစ်ထဲပစ်ချရာမှ ထွက်ပေါ်လာခြင်းဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၄/၂၀၂၂

ယနေ့နံနက် ၁၀ နာရီခန့်က ကျောက်တော်မြို့ အနီးမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ခြင်းမှာ ကလေးငယ်တစ်ဦးက မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည် တစ်လုံးကို မြစ်ထဲပစ်ချရာမှ ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

 

ပိုက်သည်ရပ် ရပ်ကွက်မှ ကလေးငယ်တစ်ဦးက စစ်လက်နက်အကြွင်းအကျန်တစ်ခုဖြစ်သည့် လက်နက်ကျည် ၁ လုံးကို ယနေ့ကောက်ရခဲ့ရာမှ ကုလားတန်မြစ်အတွင်း လွှင့်ပစ်စဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသအတွင်းက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ကျနော်တို့ ဒေသအခေါ်တော့ EY သီးလို့ခေါ်တယ်။ ဖင်မှာ ဒလက်ကလေးနဲ့။ ၆၀ မမလို့လည်းပြောမရဘူး။ လက်နက်ကြီးလည်းမဟုတ်ဘူး။ သေနတ်မှာထည့်ပစ်ရတာမျိုး။ အဲဒါကို မြစ်ထဲ လွှင့်ပစ်လိုက်ချိန်မှာ ပေါက်ကွဲသွားပြီး သံထွက်ခဲ့တာပါ"ဟု ပြောသည်။

ပေါက်ကွဲမှုကြောင့်  တစ်ဦးတစ်ယောာက်ကိုမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟုလည်း ပြောသည်။

၎င်းပေါက်ကွဲမှုကို ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီး ပိုက်သည်ရပ် ရပ်ကွက်ဆင်းလမ်းရှိ စစ်ဆေးရေးဂိတ်ဘက်မှ ကြားခဲ့ရသည်ဟ ဒေသခံတစ်ဦးက ပြောသည်။

ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်မှာ ကြားခဲ့ရတာပါ။  သာမန် စက်လက်နက်အသံ မဟုတ်ဘဲ လက်နက်ကြီးကျည် ပေါက်ကွဲတဲ့ သံလိုမျိုး  ကြားလိုက်ရပါတယ်"ဟု ပြောသည်။

ရခိုင်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် သြဂုတ်လမှစတင်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ တကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းအထဲတွင် ကျောက်တော်မြို့နယ်လည်း ပါဝင်ခဲ့ကာ တချို့နေရာတွင် စစ်ကျန် လက်နက်ကြီးကျည်များ၊ မိုင်းများ အများအပြား ကျန်ရှိနေသေးသည်ဟု သိရသည်။

၎င်းစစ်ကျန်လက်နက်ကြီးကျည်များ၊ မြေမြုပ်မိုင်းများကို အမြန်ဆုံး ဖယ်ရှားရန် ပြည်သူများက အထူးလိုလားနေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

ယခုကောက်ရခဲ့သည့် စစ်လက်နက်အကြွင်းအကျန် လက်နက်ကြီးကျည်ှာ မည်သည့်ဘက်က ပစ်ခတ်သည့်လက်နက်ဖြစ်သည်ဆိုသည်ကို မသိရသေးဟုလည်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ