တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရေဘုတ်ကျေးရွာမှ ထွက်ပြေးလာသည့်ရွာသားနှစ်ဦးကျည်ဆံထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် လူငယ် တစ်ဦးနှင့် ၃၂ နှစ်အရွယ် ရွာသားနှစ်ဦးတို့တွင် ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ၌ ဆေးရုံသို့ပို့ဆောင်ရန် အခက်အခဲ ဖြစ်နေကြောင်း ကျေးရွာသားများက သတင်းပေးပို့သည်။

ဒဏ်ရာရသူ နှစ်ဦးမှာ ကျော်ခင်နိုင် (၁၆) နှစ် (ဘ) မောင်စိုးချေ(မိ) ဒေါ်မအေးသိန်းနှင့် ကျော်ဝင်း(၃၂) နှစ်(ဘ) ဦးအောင်ကျော်သိန်းဖြစ်ကြောင်း သိရသည်။

ရွာသား တစ်ဦးက “ ရေဘုတ်ရွာထဲကို စစ်တပ် ရောက်နေတဲ့ အတွက် ကြောက်ပြီး ထွက်ပြေးစဉ်မှာ ဗောဓိကုန်းနဲ့ အောင်မြေကုန်းကြားမှာ ကျည်ဆံလာထိတာပါ။ သူတို့ပြောတာကတော့ ရွာသားတွေ ထွက်ပြေးနေတာကို  မြင်တော့ တပ်ကနေ လှမ်းပစ်တယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

ကျော်ခင်နိုင်တွင် ညာဘက်လက်မောင်းကို နောက်က ကျည်ဆံဖောက်ဝင်ပြီး ရှေ့က ထွက်သွားသဖြင့် စိုးရိမ်ရကြောင်း၊ ကျော်ဝင်းတွင် ရှပ်ထိမှန်ပြီး မစိုးရိမ်ရကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ ဒေသမှာ ဆေးရုံ ဆေးပေးခန်းမရှိဘူး။ ရသေ့တောင်မြို့နယ် ဆေးရုံကို ယူရမယ်။ ရဟတ်ယာဉ်တွေနဲ့ အခု ရွာပြင်မှာ လှေသွားရင် လှေကို ပစ်တယ်။ လူသွားရင် လူကို ပစ်တယ်။ ဒါကြောင့် ရသေ့တောင်ကို မသွားရဲကြပဲ ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး ကူညီကြစေလိုပါတယ်။ ကောင်လေး ဒဏ်ရာက စိုးရိမ်ရတဲ့ အတွက်ပါ” ဟု ပြောဆိုသည်။

ယခုအခါ ၎င်းဒဏ်ရာရသူ နှစ်ဦးမှာ လက်ရှိတွင် ရသေ့တောင်မြို့နယ် အောင်မြေကုန်း ကျေးရွာတွင် ရောက်ရှိနေသည်ဟု သိရသည်။

-------------------------------

Unicode


နိရဉ်စရာ၊ အောကျတိုဘာ ၂၇/ ၂ဝ၁၉









ဆက်စပ် သတင်းများ