တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်ရံကျေးရွာမှ ကျည်ဆံဒဏ်ရာရရှိထားသည့် ၁၃နှစ်အရွယ် မိန်းခလေးငယ် ဆေးရုံမပို့နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၃၁/၂ဝ၁၉

မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြား ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် ရသေ့တောင်မြို့နယ်၊ကျောက်ရံကျေးရွာမှ ငါးတန်းကျောင်းသူအား ဟွန်ဒါစက်လှေအခက်အခဲကြောင့် ယနေ့ နံနက် ၉ နာရီ အချိန်ထိ ဆေးရုံသို့ မပို့ဆောင်နိုင်ဘဲရှိနေသည်ဟု ကျောက်ရံကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရက မိန့်ကြားသည်။

“ဆေးခန်းပို့ဖို့ အခက်အခဲရှိတယ်။ဆေးခန်းပို့ဖို့ ခက်ခဲနေတဲ့အတွက် ဆေးလေးဝါးလေးတော့ လောလောဆယ် မှာတော့ ထည့်ထားတယ်ပေါ့လေ။အဲဒီကလေးမကတော့ အနာက ကိုက်တယ်လို့ပြောတယ်။ ဆေးရုံသွားချင်တယ်။ ဆေးရုံသွားဖို့က အခက်အခဲကရှိတာကိုး။အခက်အခဲကတော့ ဟွန်ဒါတွေလည်း မရှိတော့ဘူးလေ။ လမ်းခရီးကလည်း အဆင်မပြေ။ယောကျ်ားတွေကလည်း ထွက်ပြေးနေကြရတော့ သိပ်မရှိတော့ဘူး။မိန်းမတွေနဲ့လည်း ဆေးရုံပို့ဖို့က လည်း အဆင်မပြေပါဘူး”ဟု ဦးစန္ဒာဝရ က နိရဥ္စရာသို့ မိန့်ကြားသည်။

ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သူမှာ ရသေ့တောင်မြို့နယ်၊ကျောက်ရံကျေးရွာမှ ပဥ္စမတန်းကျောင်းသူ မနှင်းချေ(၁၃)နှစ် (ဘ) ဦးအောင်ဖိုးစိန် (မိ) ဒေါ်သောင်းယဉ် ဖြစ်သည်။

ယနေ့အောက်တိုဘာလ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီခွဲအချိန်တွင် ကျောက်ရံကျေးရွာရှိ ၄င်း၏ နေအိမ်ဘေး မြေကွက်လပ်၌ ထိုင်နေစဉ် ဘယ်ဘက်တံတောင်ရိုးကို ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူ မနှင်းချေ၏ မိဘများမှာ  ရွာတွင်မရှိဘဲ အခြားရွာတစ်ရွာကို ရောက်ရှိ နေကြောင်း၊ မနှင်းချေမှာ ကျောက်ရံဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှု အဖွဲ့အစည်းများက မနှင်းချေအား ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် အကူညီပေးစေလိုကြောင်း ဆရာတော် ဆက်လက်မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒဏ်ရာရသူကို ဆေးရုံကိုပို့ဆောင်နိုင်ရန် မိမိထံအကူအညီတောင်းလာကြောင်း၊မိမိအနေဖြင့် ရသေ့တောင် မြို့နယ်ဆရာဝန်နှင့် ICRC သို့ အကြောင်းကြားထားပြီးဖြစ်သဖြင့် မနှင်းချေအား ယခုသွားရောက်ခေါ်ဆောင် ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း နိရဥ္စရာသို့ ပြောသည်။

ရသေ့တောင်မြို့နယ်၊မညှင်းတောင်ကျေးရွာနှင့် ငစံဘော်ကျေးရွာအကြားတွင် ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

------------------------

Unicode


နိရဉ်စရာ၊အောကျတိုဘာ ၃၁/၂ဝ၁၉








ဆက်စပ် သတင်းများ