တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တပ်ဗျူဟာကုန်းအောက်ရှိ ရေစိုးချောင်းရွာတွင် မိုင်းပေါက်ကွဲမှု နှစ်ရက်ဆက်တိုက်ဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ရေစိုးချောင်းဗျူဟာကုန်းအောက်တွင် တည်ရှိသည့် ရေစိုးချောင်းကျေးရွာ အတွင်း နိုဝင်ဘာ ၂ ရက်နေ့ ညနေ၌ တစ်ကြိမ်၊ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက်တွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ ရေစိုးချောင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက “ မနေ့က ညနေ ၅ နာရီလောက်မှာ မိုင်း နှစ်လုံး၊ သုံးလုံးလောက်ပေါက်ပါတယ်။ မိုင်းပေါက်တာက ရွာထဲက စာသင်ကျောင်းထဲမှာ ပေါက်တာပါ။ သူတို့ (စစ်တပ်)က မိုင်းပေါက်တဲ့ အချိန်မှာ စာသင်ကျောင်းမှာ ရောက်နေတယ်လို့ သိရပါတယ်။ ကျွန်မတို့ရွာသားတွေလည်း ကြောက်ပြီး ဘယ်သူမှ သွားမကြည့်ရဲဘူး။ အရမ်း ကြောက်ဖို့ ကောင်းပါတယ်။ အသံက ဆက်တိုက် နှစ်လုံး သုံးလုံး ဂျိမ်း ဂျိမ်းဆိုပြီး အသံမြည်ပါတယ်။ ဘာတွေ ဖြစ်သွားခဲ့သလဲဆိုတာ ကျွန်မတို့ မသိပါ” ဟု ပြောသည်။

၎င်းနောက် စစ်တပ်က ရေစိုးချောင်း ရွာသား ယောကျ်ားများအား ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ယူစုခိုင်းပြီး တစ်နာရီခန့် နောက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

“ ဘုန်းကြီးကျောင်းကို ခေါ်ပါတယ်။ ရွာမှာက လူပေါင်း လေးငါးဆယ်လောက်ဘဲ ကျန်ပါတော့တယ်။ သူတို့ကို စုခိုင်းပြီး ပြောပြတယ်လို့ ပြောပါတယ်။ ဘာမှတော့ ရွာသားတွေကို မလုပ်ဘူးလို့ ပြောပါတယ်။ အဲသလို တစ်နာရီလောက် ပြောဆိုပြီးတော့ ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက် ၈ နာရီကျော်ကလည်း ၎င်းစာသင်ကျောင်းထဲမှ ပေါက်ကွဲသံ တစ်ခုကြားရပြီး ပေါက်ကွဲချိန်တွင် တပ်မတော်သားများ စာသင်ကျောင်းတွင် မရှိတော့ကြောင်း သူမက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိသည့် ရေစိုးချောင်းကျေးရွာသည် အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး အထက်တန်းကျောင်းလည်း ရှိကာ လက်ရှိတွင် ကျောင်းပိတ်ထားရသည်။ အဆိုပါကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသောကြောင့် ရွာသားများ ရွာကိုစွန့်ခွာသွားကြသဖြင့် ယခုအခါ အိမ်ထောင်စု ၄ဝ နှင့် ၅ဝ အကြားတွင် ကျန်ရှိတော့သည်ဟု သိရသည်။

“ ကျွန်မတို့လည်း ဒီထက် အခြေအနေဆိုးလာရင် နေလို့ ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ရွာကို စွန့်ခွာ ရတော့မလားလို့ စဉ်းစားနေကြပါတယ်။ စပါးစိုက်ခင်းအနည်းငယ်ရှိတဲ့ အတွက် စောင့်နေကြတာပါ။  အခုသွားဖို့က ရွာမှာလည်း လှေတစ်စီးမှ မရှိတော့ဘူး။ သွားရေး လာရေးကလည်း ခွင့်ပြုချက်နဲ့ သွားကြရပါတယ်။ ဒီနေ့လည်း ကျောက်တန်းဘက်ကိုတော့ သွားခွင့်မရဘူး။ အမျိုးသမီးတစ်ချို့က တပ်က ခွင့်တောင်းပြီး မောင်ဖြူရွာဘက်ကို သွားတာတော့ ရှိပါတယ်” ဟု ပြောသည်။

ရေစိုးချောင်းကျေးရွာသည် ယခင်က အဆိုပါ ဒေသတစ်ဝိုက်တွင် စည်ကားခဲ့သော ကျေးရွာ တစ်ရွာဖြစ်ခဲ့သော်လည်း တိုက်ပွဲများကြောင့် ရွာသားအများစုမှာ ရသေ့တောင်မြို့ပေါ်နှင့် စေတီပြင်၊ အောင်ဇေကုန်းကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်သွားကြသဖြင့် ရွာသားများမှာ မရှိသလောက် နည်းပါးသွားခဲ့ပြီဟု သိရသည်။ 

-------------------------------

Unicode


နိရဉ်စရာ၊ နိုဝငျဘာ ၃/၂ဝ၁၉









ဆက်စပ် သတင်းများ