- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၃/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၊ အိန္ဒိယ ဝန်ထမ်း ၅ ဦးနှင့် အတူ စကားပြန် ၂ ဦးတို့ ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။
၎င်းတို့သည် ယနေ့ နံနက် ၈ နာရီ ၃ဝ မိနစ်က ပလက်ဝမြို့မှ စစ်တွေမြို့သို့ စပိဘုတ်ဖြင့် ကုလားတန်မြစ်အတိုင်း ဆင်းလာရာ ကျောက်တော်မြို့နယ် အရောက်တွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိ တစ်ဦးက ပြောသည်။
သူတို့စီးလာသော စပိဘုတ် Speed boat အခွံများကို ယနေ့ ညနေ ၃ နာရီက ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး ကုလားတန်မြစ်ဘေးတွင် တွေ့ရှိရသည်ဟု ဆိုသည်။
ပျောက်ဆုံးနေသူ အိန္ဒိယဝန်ထမ်း ၅ ဦးမှာ ပလက်ဝ- ဇိုရမ်ပူရ် (၂) လမ်းသွားကားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်း India co., Ltd. မှ ဝန်ထမ်းများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဒေသအတွင်း ဖြစ်ပေါ်နေသော သတင်းအရ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ဦးဝှေ့တင်းနှင့် အိန္ဒိယဝန်ထမ်း ၅ ဦး အပါအဝင် လူ ၉ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ကျောက်တော်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းဆက်သွယ်မှု မရရှိခဲ့ပါ။
ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းသို့ ဆက်သွယ်ရာ အတည်ပြုချက်ရယူရန် လိုက်လံ စုံစမ်းနေတုန်းဖြစ်သဖြင့် မပြောနိုင်သေးကြောင်း၊ အပေါ်က ဆင်းလာသည်ဟုသာ သိရသေးကြောင်း ပြောကြားသည်။
---------------------
Unicode
နိရဉ်စရာ၊ နိုဝငျဘာ ၃/ ၂ဝ၁၉