- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
နိရဥ္စရာ၊ နိုဝင်ဘာ ၁၁/၂ဝ၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာမှ စစ်တပ်က ပတ်ခတ်လိုက်သည့် ကျည်ဆံထိမှန်သေဆုံးသွားသူ ဒေါ်ဦးခင်သန်း (၃၂)နှစ်ကို ယနေ့ မွန်းလွဲ ၂ နာရီကျော်က သူမမွေးရပ်ရွာ ဝက်ရူးကျေးရွာတွင် သင်္ဂြိုလ်ခဲ့သည်ဟု သတင်းရရှိသည်။
သူမ၏ အသုဘ အခမ်းအနားသို့ ဝက်ရူးကျေးရွာနှင့် အနီးဝန်းကျင်မှ ဒေသခံ ပြည်သူ ၂ဝဝ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောကြားသည်။
သေဆုံးသွားသူ ဒေါ်ဦးခင်သန်း (၃၂)နှစ် ဦးမောင်လှအေးဇနီးဖြစ်ပြီး မြေပုံမြို့နယ် ဝက်ရူးကျေးရွာတွင် တံငှာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းကြသူများဖြစ်ကြပြီး ယောချောင်း ရွာသာယာကျေးရွာသို့ သွားရောက် ငါးရောင်းပြီး အပြန်တွင် စစ်တပ်က ဟန့်တား ပစ်ခတ်ခဲ့စဉ် သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။
နိုဝင်ဘာ ၁ဝ ရက်နေ့ နံနက် ၇ နာရီကျော်က ဦးမောင်လှအေးနှင့် ၎င်း၏ ဇနီး ဒေါ်ဦးခင်သန်းတို့ ငါးရောင်းပြီး ပြန်လာသော ဟွန်ဒါစက်လှေအား ယိုးချောင်း ရွာသာယာ ရွာဦးနတ်ပင်အနီးရှိ စစ်တပ်မှ ကမ်းကပ်ရန် ဟန့်တား ခဲ့ကြောင်း၊ ကမ်းမကပ်သဖြင့် ရွာသာယာကျေးရွာရှိ နတ်ပင်အောက်မှ လုံခြုံရေး ယူနေသော စစ်တပ် တပ်ဖွဲ့ တစ်ခုက ပစ်ခတ်ရာမှ ဒေါ်ဦးခင်သန်းမှာ ကျည်ဆံထိန်မှန် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေါ်ဦးခင်သန်း၏ မိခင်ဖြစ်သူ ဒေါ်ဦးခင်နုက ပြောကြားသည်။
သေဆုံးသွားသူ ဒေါ်ဦးခင်သန်းအား မြေပုံမြို့နယ် ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင်ခဲ့ပြီး ယနေ့တွင် သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဦးခင်သန်းတွင် သေဆုံးချိန် ကိုယ်ဝန် လေးလရှိနေပြီ ဖြစ်ပြီး သူမတွင် ယောကျ်ားဖြစ်သူနှင့် အတူ ၂ နှစ်အရွယ်ကလေးငယ် တစ်ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။
-----------------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ ၁၁/၂ဝ၁၉