- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
စိုးဇံအောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၁/၂ဝ၁၉
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာတွင် ယနေ့ ညနေက လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ နောက်ထပ်ရွာသားတစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်ဟု သတင်းရရှိသည်။
သေဆုံးသွားသူမှာ အမျက်တောင်ကျေးရွာမှ ဦးချမ်းသိန်းမောင်(၄၈)နှစ် (ဘ) ဦးစိန်လှဖြစ်ပြီး ဒဏ်ရာအပြင်းထန်ရရှိသွားသူမှာ ဦးမောင်ခင်ဝင်း(၅၃)နှစ်ဖြစ်ကြောင်း ကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ညနေ ၄ နာရီမှ ၅ နာရီအထိ ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာကုန်း မြောက်ဘက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ ရေစိုးချောင်းဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ၁ဝ ချက်ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ကြစဉ် လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
ဒဏ်ရာ ပြင်းထန်စွာရရှိသူ ကိုမောင်ခင်ဝင်းကို ချက်ချင်း ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်နေသော်လည်း လမ်းခရီး အခက်အခဲကြောင့် ယူဆောင်ရန် အခက်အခဲ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ICRC ကို အကူအညီတောင်းလိုကြောင်း မိသားစုများက ဖုန်းဆက်ပြီး ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပို်င်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ရေစိုးချောင်း ဗျူဟာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောသည်။
“တိုက်ပွဲဖြစ်တာကတော့ ဟုတ်တယ်။ဒါပေမယ့် အဲဒီရွာသားသေတယ်၊ မသေဘူးဆိုတာတော့ ကျွန်တော်တို့ သတင်းမရသေးဘူးဗျ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
လက်နက်ကြီး ပစ်ခတ်မှုမှာ ညနေ ၆ နာရီထိ မရပ်တန့်သေးကြောင်း ဒေသခံများက ပြောဆိုသည်။
-------------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ ၂၁/၂ဝ၁၉