- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/ ၂ဝ၁၉
မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သူ ဦးသိန်းထွန်းကျော်သည် ယနေ့ နံနက် ၃ နာရီ ၄ဝ မိနစ်တွင် မြောက်ဦးဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။
သေဆုံးသွားသူ ဦးသိန်းထွန်းကျော်မှာ ကွယ်လွန်ချိန်တွင် အသက် (၃၅) နှစ်ရှိနေပြီ ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်ဆန်းရီ (၃၅) နှစ်၊ သမီးဖြစ်သူ နွယ်လိူင်ဦး(၁၃) နှစ်နှင့် မောင်ကိုစောဟိန်း (၁၁) နှစ်တို့ ကျန်ရစ်ခဲ့သည်။
“ သေဆုံးတာက ပေါင်မှာရတဲ့ ဒဏ်ရာနဲ့ဘဲ ဆုံးသွားတာပါ။ သွေးထွက်လွန်တယ်လို့ ပြောပါတယ်။ ဘာကြောင့် သေဆုံးတယ်ဆိုတာကို အတိအကျ ဆေးရုံကဘဲ သေချာသိပါလိမ့်မယ်” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
ဦးသိန်းထွန်းကျော်သည် ယမန်နေ့က နွားများကို လွှတ်ရန်ယူဆောင်လာစဉ် ရွာဦးမရောက်မီ ရွာထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။
“ ကျည်ဆံက ဝါးတောင်ကွင်းတောင်ကလာပါတယ်။ အဲဒီမှာ စစ်တပ်က နေရာယူထားပါတယ်။ သူက ဆင်းရဲတော့ သူများဆီမှာ နွားအငှားကျောင်းပါတယ်။ နွားတွေကို လွှတ်ဖို့ ရွာပြင်ကို ထွက်ရာမှာ ရွာပြင်မရောက်ခင် အပစ်ခံရတာပါ။ ပေါင်မှာထိပါတယ်။ ဒါနဲ့ မြောက်ဦးဆေးရုံကို ပို့ပါတယ်။ ဒီနေ့ မနက် ၃ နာရီ ၄ဝ မှာ ဆေးရုံမှာ ကွယ်လွန်သွားပါတယ်” ဟု ပြောသည်။
ဦးသိန်းထွန်းကျော်မိသားစုမှာ ဆင်းရဲနွမ်းပါးကြသူများဖြစ်ကြသဖြင့် အလောင်းအား ရွာသို့ မယူဆောင်တော့ဘဲ မြောက်ဦးတွင် သင်္ဂြိုလ်ရန် စီစဉ်နေကြောင်း သိရသည်။
ကျောင်းတောင်ရွာမှ ၂ ဖာလုံခန့်ဝေးသည့် ဝါးတောင်ကွင်းတွင် နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းတစ်ကြိမ်၊ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ တစ်ကြိမ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတိုက်ပွဲအတွင်း ကျည်ဆံများကျ၍ အိမ်ပေါင်း ၁ဝဝ ခန့် ခေါင်းမိုးများ ဇကာပေါက်ဖြစ်သွားကြောင်း၊ ရွာသားများလည်း နီးစပ်ရာသို့ ထွက်ပြေးကြကြောင်း၊ တိုက်ပွဲမှာ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့တွင်လည်း နံနက် ၇နာရီလောက်မှ စတင်ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။
----------------------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ ၂၈/ ၂ဝ၁၉