တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်တွင် တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် ဖမ်းဆီးခံထားရသူ ၃ ဦးအနက် တစ်ဦး လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.9k

နီမင်းထွန်း
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၉ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသူ ၃ ဦးအနက် တစ်ဦး လွတ်မြောက်လာကြောင်း သိရသည်။

လွတ်မြောက်လာသူမှာ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာမှ မောင်ကြည်လင်း(၁၇)နှစ်ဖြစ်ပြီး သူသည် ကလေးသူငယ်အခွင့်အရေးဖြင့် အာမခံရ၍ ကျောက်တော်မြို့နယ်တရားရုံးက ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

လွတ်မြောက်လာသူ မောင်ကြည်လင်း၏ ဖခင် ဦးမောင်သန်းမိုးက “ကျနော့်သား ဒီနေ့လွတ်မြောက်လာပါတယ်။ သူက ကလေးသူငယ်အခွင့်အရေးနဲ့လွတ်မြောက်လာတာပါ။ သူ့မှာ ဘာအပြစ်မှလည်း မရှိပါဘူး။ အဲဒီနေ့က သူဟာ စပါးဆိပ်ကနေ သရက်တပင်မှာရှိတဲ့ ဘော်ဒါဆောင်ကို ထမင်းသွားပို့တာပါ။”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

မိမိ၏သား လွတ်မြောက်လာပြီး ပျော်ရွှင်နေသော်လည်း သားနှင့်အတူ ဖမ်းဆီး တရားစွဲခံရသူများကိုလည်း အမြန်ဆုံးပြန်လွတ်လာစေချင်သည်ဟု ၄င်းက ဆက်ပြောသည်။

ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာအနီး တံတားထိပ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက်တစ်နေ့တွင် မောင်ကြည်လင်းအပါအဝင် ရွာမပြင်ကျေးရွာမှ ညီညီစိုး(၃၂)နှစ်၊ သရက်တပင်ကျေးရွာမှ နေမျိုးထွန်း (၃၄)နှစ်နှင့် ပြင်လှကျေးရွာမှ မောင်ကုလား(ခ)မောင်ကျော်ဝင်း (၄၆)နှစ်တို့ လေးဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းနောက် ၄င်းတို့လေးဦးအား တပ်မတော်က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းနေ့တွင်ပင် သရက်တပင်ကျေးရွာမှ နေမျိုးထွန်း (၃၄)နှစ်အား လွှတ်ပေးခဲ့ကြောင်း သိရသည်။

====================

Unicode -


နိရဉ်စရာ၊ ဒီဇငျဘာ ၁၉ / ၂ဝ၁၉







ဆက်စပ် သတင်းများ