တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရှာရှည်ပြင်ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ စစ်ဆေးပြီးနောက်ပိုင်း ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရှာရှည်ပြင်ကျေးရွာမှ ယနေ့ နံနက် အစောကြီး ညဉ့်အချိန်က စစ်တပ်က  ဖမ်းဆီးခေါ်ဆောင်သွားသူ ကိုညီပု (ခ) မျိုးဝင်းနိုင် (၃၁)နှစ်အား တပ်မတော်မှ စစ်ဆေးပြီးနောက်ပိုင်း ပြန်လွှတ် ပေးလိုက်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

ကိုညီပု (ခ) မျိုးဝင်းနိုင်အား ရှာရှည်ပြင်ကျေးရွာရှိ သူ၏ နေအိမ်တွင်းရပ်ထားသော တေပါ ကားပေါ်တွင် အိပ်နေစဉ် ယနေ့ နံနက် ၃ နာရီအချိန်ခန့်က တပ်မတော် စစ်ကြောင်း တစ်ခုက ဝင်ရောက် ခေါ်ဆောင်သွားခဲ့ပြီး ယနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟု  ရှာရှည်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဝင်းက နိရဥ္စရာသို့ ပြောသည်။

“သူ့ကို လွှတ်ပေးဖို့အတွက် ကျွန်တော်တို့ကို အကြောင်းကြားပါတယ်။ ကျွန်တော်တို့ သွားယူလို့ အခု အိမ်ကို ဘေးကင်းပြီး ရောက်နေပါပြီ။ သူ့ကို စစ်ဆေးတော့  အပြစ်မရှိတဲ့အတွက် ပြန်လွှတ်ပေးတာလို့ စစ်သားတွေက ပြောပါတယ်။ ကျန်းမာစွာနဲ့ပဲ အိမ်ပြန်ရောက်ပါတယ်” ဟု ပြောကြားသည်။ 

ကိုညီပုအား မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီးရှိ မကျည်းကုန်းစခန်းသို့ ရှာရှည်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူကြီး ၃ ဦး သွားရောက်ပြီး လက်မှတ်ထိုးကာ ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။

------------------------------

Unicode:


 
နိရဉ်စရာ၊ ဒီဇငျဘာ ၃ဝ/ ၂ဝ၁၉





ဆက်စပ် သတင်းများ