- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂ဝ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင် အုပ်စု၊ ဆင်သေပြင် မူဆလင်ကျေးရွာမှ အသက် ၇နှစ် အရွယ် မိန်းခလေးငယ် တစ်ဦး အိပ်နေစဉ် ကျည်ဆံထိမှန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းဒဏ်ရာရရှိသည့် မိန်ခလေးငယ်မှာ ဦးရော်ဖိ၏ သမီး မဇိုင်နူကာ (၇) နှစ် ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ ကျွန်တော်ဆီကို ဖုန်းဆက်အကြောင်းကြားတာကတော့ ဒီကနေ့ မနက် စောစောပိုင်း ၄ နာရီလောက်မှာ အိပ်နေတဲ့နေရာကို ကျည်ဆံလာကျတယ်လို့ ပြောပါတယ်။ ကျည်ဆံလာတာကတော့ ဘုရားကုန်း သုံးဆယ့်တစ်ဘုံဘုရားဘက်က လာတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူးလို့ သိရတယ်။ ရမ်းသန်းပစ်ခတ်ရာကနေ ထိတာဖြစ်နိုင်ပါတယ်” ဟု ပြောကြားသည်။
ထိမှန်ခဲ့သော ကျည်ဆံမှာ တစ်ချက်တည်းဖြစ်ပြီး ဘယ်ဘက် ခြေထောက်ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း၊ အရိုးကို ထိခိုက်သွားသဖြင့် လက်ရှိ အချိန်တွင် ဒဏ်ရာရရှိသွားသည့် ကလေးငယ်အား ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်လာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
-------------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၂ဝ / ၂ဝ၂ဝ