တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးသေပြီး ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ နေအိမ်တစ်လုံးထဲ ယနေ့ နံနက်က လက်နက်ကြီးကျည်ကျ၍ အသက် ၂၄ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသား သုံးဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ မအေးအေးခိုင် (၂၄) နှစ် ဖြစ်ကြောင်း သိရသည်။

သူမ၏ အဖွားဖြစ်သူ ဒေါ်မကျော့က “ လက်နက်ကြီးက ကံထူးရှင်ဘုရားဘက်က လာပါတယ်။ အိမ်ထဲမှာလာကျပြီး အေးအေးခိုင်ကို လာထိပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်။ အိမ်အမိုး တွေလည်း အကုန်လုံးပေါက်သွားပြီး အပင်အကိုင်းတွေလည်း ကျိုးသွားပါတယ်။ ဒီနေ့ မနက် ၇ နာရီ ၄၅ မိနစ်မှ ဖြစ်တာပါ” ဟု ပြောသည်။

မအေးအေးခိုင်တွင် သားယောကျ်ားလေးတစ်ဦးနှင့် သမီးမိန်းခလေးတစ်ဦး လင်ယောကျ်ား ဖြစ်သူနှင့် အတူ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ဒဏ်ရာရသူ ၃ ဦးမှာ ကျောက်တော်မြို့ ၊ ပြည်တော်သာရပ်ကွက်က ဦးမောင်စောလှ (၆၁) နှစ် (ဘ) ဦးအောင်ရွှေခိုင်၊ ဦးကျော်သိန်းထွန်း (၄၇) နှစ် (ဘ) ဦးသောက်ကြာဖြူ နှင့် မောင်စောဖြူ (၁၇) နှစ် (ဘ) ဦးထွန်းရွှေ တို့ ဖြစ်ကြသည်ဟု သိရသည်။

ယခုအခါ သေဆုံးသူ အမျိုးသမီး အလောင်းရော၊ ဒဏ်ရာရသူများမှာပါ ကျောက်တော်မြို့နယ် ဆေးရုံကို ရောက်ရှိနေကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခု ဖြစ်ပျက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံများအားလေ့လာ မေးမြန်းပြီး များမကြာမီ တင်ပြပေးပါမည်။

--------------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၃/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ