တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မှ ကျည်ဆံထိမှန်သည့် ကျောင်းဆရာမ စစ်တွေဆေးရုံသို့ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ရက္ခူတိုင် ကုန်တန်းကျေးရွာမှ ကျည်ဆံထိမှန်ခဲ့သည့် ကျောင်းဆရာမကို ရသေ့တောင်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံသို့ ဆေးကုသရန် ယူဆောင်လာရာ ယနေ့နံနက် အစောကြီး ညဉ့်  ၁ နာရီကျော်တွင် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန်ခဲ့သူမှာ မူလတန်းပြကျောင်းဆရာမ အသက် (၂၈)နှစ်အရွယ် ဒေါ်ခင်ဌေးဝင်း ဖြစ်ပြီး သူမမှာ နေအိမ်တွင် ရှိနေသည့်အချိန်တွင် ညနေ ၃ နာရီကျော်က ဇက်စစ်ရေယာဉ်ဘက်က ပစ်လိုက်သော ကျည်ဆံ လာရောက်ထိမှန်ခြင်း ဖြစ်ကြောင်း ရွာသားနှင့် မိသားစုများ၏ အပြောအရ သိရသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်ဘက် ပြောခွင့်ရသူများကို ဆက်သွယ်၍ မရရှိသေးသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အဖေဖြစ်သူ ဦးထွန်းလှမောင်က “ ကျနော်တို့အခုစစ်တွေဆေးရုံသို့ရောက်နေပါပြီ။ ဒဏ်ရာက နောက်ကျောကနေ ဖာက်ဝင်သွားတယ်။ စိုးရိမ်ရတဲ့အခြေအနေရှိလို့ စစ်တွေဆေးရုံသို့ပို့ရတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ မူလတန်းပြ ဆရာမမှာ  (ဘ) ဦးထွန်းလှမောင်၊ (မိ) ဒေါ်လှမြသိန်းတို့ သမီးဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူဆရာမအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအပါအဝင် အစိုးရဝန်ထမ်းတချို့နှင့် တက်ကြွလှုပ်ရှားသူတို့မှ ရက္ခူတိုင် ကုန်တန်းကျေးရွာမှ ရသေ့တောင်ကို စက်လှေဖြင့် ယူဆောင် ခဲ့ရပြီး ရသေ့တောင်မြို့မှ တဆင့် ညနေ ၉နာရီအချိန်တွင်  ကားနှစ်စီးဖြင့် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ယူဆောင်လာရာ ညဉ့် ၁ နာရီကျော်   ရောက်ရှိခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ- မေယုထွန်း)

------------------------

Unicode:


နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၄/၂ဝ၂ဝ








ဆက်စပ် သတင်းများ