တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

နောက်ထပ် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ နောက်ထပ် အသက် ၇ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင် (ငွေတောင်) ကျေးရွာမှ မချမ်းအေးဖြိုး (၇)နှစ် (ဘ) ဦးဇော်ဝင်းထွန်း ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီခန့်က နေအိမ်အောက်ဘက်တွင် ထိုင်နေစဉ် ငလှမ်းပြင် ကျေးရွာ အရှေ့ဘက် မေယူမြစ်အတွင်းမှ နေပြီး တပ်မတော်နေဗီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက်ကြောင့် ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင့် မိသားစုဝင်များက ပြောသည်။

“ဇက်ကနေပြီးတော့ ဘာမှမဖြစ်ပဲနဲ့အလိုလို ရမ်းသန်းပစ်တယ်။ ကလေးက နေအိမ်အောက်မှာ ဆော့နေတာ။ ဇက်ကနေ ပစ်တော့ ပုန်းဖို့ပြေးရာကနေ ထိသွားတာပါ။ အရှေ့ဘက် မေယူမြစ်ထဲ ကနေပြီး ရမ်းပစ်နေတာ။ မြစ်နဲ့ရွာကနီးနီးလေးပါ ” ဟု မချမ်းအေးဖြိုး ၏အဖွားဖြစ်သူက ပြောသည်။

ထိုဖြစ်စဉ်မှာဟုတ်မှန်ကြောင်း ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း  နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
 
“ဇက်ကနေလှမ်းပစ်လို့ ငလှမ်းပြင်ရွာက ကလေးတစ်ယောက် ပေါင်မှာဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဘယ်ဘက်က ပေါင်မှာ ရသွားတယ်ဆိုတာကို ကျနော်လည်း အတိအကျမသိဘူး။ အဲလိုဖြစ်လို့ အခု ရသေ့တောင်မြို့နယ် စေတီပြင် တိုက်နယ် ဆေးရုံးကို သွားနေကြတယ်။” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ယနေ့ မေယူမြစ်အတွင်း သွားလာနေသည့် ဇက်ရေယာဉ် နှစ်စီးအား အေအေတပ်ဖွဲ့မှ ကမ်းပေါ်က ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။ ပြန်လည် ပစ်ခတ်စဉ် ၎င်းအမျိုးသမီးငယ်အား ထ သွားခဲ့ဖြစ်ကြောင်း အမည်မဖော်လိုသူက တစ်ဦးက ပြောသည်။

မိသားစုဝင်များက တပ်မတော်နေဗီက ပစ်ခတ်သည့်အတွက်ကြောင့် ဒဏ်ရာရရှိခြင်းသည်ဟု ပြောဆိုထားသည့် အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌနမှ ဆက်သွယ်မေးမြန်း၍ မရသေးပါ။

-----------------------------

Unicode:







 



ဆက်စပ် သတင်းများ