တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးသည် ယနေ့တွင် လက်နက်ကြီးကျည်စ ထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လက်နက်ကြီးကျည်စထိမှန်ခဲ့သူမှာ မျောက်တောင်ကျေးရွာမှ မဆန်းဆန်းဌေး (၂၅)နှစ်ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် ၄င်း၏နေအိမ်အတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် လည်ကုတ်တွင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပစ်သံတွေကြားတော့ ဗုန်းခိုကျင်းထဲ ဝင်နေကြတာပါ။ အဲဒီမှာ အိမ်ကို လက်နက်ကြီးကျလာပြီး အိမ်တိုင်ကို ထိတယ်။ အဲဒီကတဆင့် ကျွန်တော့်အမျိုးသမီးဆီ မှန်တာပါ။ အခု ကျောက်တော်ဆေးရုံမှာပါ။ သွေးတွေတော့ အများကြီးထွက်ပါတယ်။ ကျည်စ အထဲမှာ မကျန်ခဲ့ဘူးလို့ဆေးရုံကပြောပါတယ်”ဟု ဒဏ်ရာရသူ မဆန်းဆန်းဌေး၏ အမျိုးသားဖြစ်သူ ကိုမောင်မောင်သန်းက ပြောသည်။

အဆိုပါကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဟုလည်း မျောက်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှစိန်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ချောင်းကြောင်းအတိုင်းပစ်ပြီးဆင်းလာတာ။ ရွာက ကောင်မလေးတစ်ယောက်အိမ်ကို လက်နက်ကြီးထိပြီး သူ့ဆီ ကျည်စ မှန်တာပါ။ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဒီလိုပစ်ပြီးလာတာပါ။”ဟု ဦးအောင်လှစိန်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

----------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၁ဝ/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ