တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ရာမောင်တံတားအနီးတိုက်ပွဲအတွင်း ခရီးသည်သုံးဦး ထိခိုက် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၄ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ယနေ့ နံနက် ၉ နာရီမှ စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ခရီးသွားပြည်သူ  သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်ချို့လည်း အနည်းငယ်ပျက်စီးမှုရှိသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူ သုံးဦးမှာ မြေပုံမြို့နယ်၊ ဝါးခွပ်ကျေးရွာမှ အသက် ၅၇ နှစ်အရွယ် ဦးသာထွန်းအောင်၊ မင်းပြားမြို့နယ်၊ ငါးစရိုင်းချောင်းမှ အသက် ၆၇ နှစ်အရွယ် ဦးမောင်မြင်နှင့် နောက်ထပ်ဒဏ်ရာ ရရှိသူတစ်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

ဦးသာထွန်းအောင်မှာ ဒဏ်ရာပြင်းထန်သဖြင့် မင်းပြားဆေးရုံမှ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

̏ ကျမတို့က မြေပုံမြို့နယ်ကိုသွားတာ။ တိုက်ပွဲဖြစ်နေလို့  ကျမတို့က ရာမောင်တံတားနားကို မရောက်ခင် ကားပေါ်ကဆင်းပြီး ဆီဆိုင်နားမှာ ထိုင်နေကြတယ်။ အဲဒီချိန်မှာ ကျမတို့နဲ့ ကားအတူစီးလာတဲ့ ဝါးခွပ်ချောင်းကျွေးရွာက အဖိုးကြီးဆီကို ကျည် လာကျတယ်။ ဒဏ်ရာက ဝမ်းဗိုက်မှာရသွားတာ˝ဟု အတူပါလာသူ ခရီးသည်တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရရှိသူတစ်ဦးဖြစ်သူ ဦးမောင်မြင့်က ̏ ကျနော်က မင်းပြားကနေပြီ  ရွာပြန်တာ။ အဲဒီချိန်မှာ တိုက်ပွဲဖြစ်နေလို့ ကျနော်က သေကန်လမ်းဝ မုတ်ဝတိုင်တွင် အကာအကွယ်ယူပြီးတော့ ထိုင်နေတယ်။ ထိုင်ရာကနေပြီး ရပ်လိုက်တဲ့အချိန်မှာ ကျနော်ခေါင်းမှာ ကျည်ဆံလာကျတယ်။ သုံးတန် ခြုပ်ထားရတယ်˝ဟု ပြောသည်။

တိုက်ပွဲမှာ မနက် ၉ နာရီကျော်ခန့်လောက်က စတင်ဖြစ်ပွားကာ ညနေ ၃ နာရီခန့်က ဆက်သွယ်စဉ်ကလည်း ပစ်ခတ်သံများကြားနေရသည်ဟု သိရှိရသည်။

-------------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၄ / ၂ဝ၂ဝ







ဆက်စပ် သတင်းများ