တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြား-ရာမောင်တံတားတိုက်ပွဲကြောင့် ကားအစီးရေ ၃ဝဝ ကျော် ၃ ရက်ကြာ ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆ /၂ဝ၂o

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့၏ တိုက်ပွဲပြင်းထန်မှုကြောင်း ကားအစီးရေ ၃ဝဝ ကျော် ပိတ်မိနေသည်ဟု ကစ္ဆပနဒီကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

̏ ပိတ်ထားတာတော့ ဒီနေ့နဲ့ပါဆိုရင် သုံးရက်ရှိပြီ။ ကားအစီး အရေအတွက် ကတော့ ၃ဝဝ လောက် ရှိတယ်။ ကျနော်လည်း မျက်မြင်တော့ မဟုတ်ဘူး။ ကားကတော့ ရာမောင်မြစ် ဟိုဖက်မှာ ၁၅ဝ၊ ဒီဖက်မှာ ၁၅ဝ လောက်ရှိတယ်။ ကားမှာပါလာတဲ့ ခရီးသည်တွေကတော့ သူတို့ရဲ့ စားဝတ်နေရေးတွေကို ကိုယ်နည်း ကိုဟန်နဲ့တော့ ဖြေရှင်းနေကြတယ်။ မြို့ထဲ တည်းခိုခန်းတွေမှာ တည်နေတဲ့ လူတွေလည်းရှိတယ်˝ဟု ကစ္ဆပနဒီ ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျန်းမာရေးမကောင်းလို့ ဆေးကုဖို့သွားတဲ့ ခရီးသည်တွေ၊ စီးပွားရေးကိစ္စနှင့် သွားတဲ့ ခရီးသည်တွေ အကုန်လုံးကို ချောချောမောမော မြန်မြန်ဆန်ဆန်ရောက်စေချင်တယ်ဟု ၄င်းမှ ဆက်ပြောသည်။

ရာမောင်မြစ်အနောက်ဘက်က ခရီးသည် သုံးရာကျော်ခန့်ကို အမ်းသားရွာအနီး 7 waddy သောက်ရေသန့် စက်ရုံတွင် အမ်းသားရွာသူ ရွာသားများနှင့် 7 waddy သောက်ရေသန့် မိသားစုတ့ိုက ထမင်းကျွေးထားကြောင်းသိရှိရသည်။

အဆိုပါကားများပိတ်မိနေမှုနှင့် ပတ်သက်၍ မင်းပြားမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားတို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

မင်းပြားရာမောင် မြစ်ကူးတံတား အနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တစ်နေ့ကုန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိ အခိုက်အကျဆုံးများလည်းရှိကြောင်း သိရသည်။

Photo - ကိုညီညီနောင်

--------------------------


နိရဉ်စရာ၊ ဖဖျေောဝါရီ  ၁၆ /၂ဝ၂ဝ







ဆက်စပ် သတင်းများ