တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရွှေနဒီမှ ဖမ်းဆီးခဲ့သည့် အင်ဂျင်နီယာ အေအေက ပြန်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂ဝ၂ဝ

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများတွင် ပါဝင်ခဲ့သည့် ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးကို ရက္ခိုင့်တပ်တော် (AA)က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြန်လွှတ် ပေးလိုက်လိုက်သည်ဟု သတင်းရရှိသည်။

အေအေက ပြန်လွှတ်ပေးသည့် ဆောက်လုပ်ရေး အင်ဂျင်နီယာမှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကုန်းပုထိုးကျေးရွာမှ ဦးလှရွှေနှင့် ဒေါ်မြင့်ကြည်တို့၏ သား မောင်ကျော်ဇင်ထွန်း (၂၉) နှစ် ဖြစ်သည်။

သူ့ကို ရသေ့တောင်မြို့နယ် ရေပိုက်ဆုံကျေးရွာတွင် ရက္ခိုင့်တပ်တော် (AA)မှ တပ်သား ၃ ဦးက ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ရေပိုက်ဆုံကျေးရွာ အုပ်ချုပ်ရေးမှူးထံ လာရောက် အပ်နှံသွားခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်အပါအဝင် ရပ်မိရပ်ဖတွေကို ခေါ်ပြီး တပ်တော်က ၃ ယောက်က အဲဒီ အင်ဂျင်နီယာကို အပ်နှံခဲ့ပါတယ်။ သူတို့ လွှဲပြောင်းပေးလို့ ၅ မိနစ်လောက် အကြာမှာပဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို သတင်းလှမ်းပို့တယ်ပေါ့နော်။ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အရ ခရိုင်အုပ်ချုပ်ရေးမှူးဆီကို ပို့ပေးပါဆိုလို့ ကျွန်တော် ခရိုင်အုပ်ချုပ်ရေးမှူး လက်ထဲကို သွားပို့ လိုက်ပါတယ်။ အဲဒီအထိ ကျွန်တော်လုပ်ပေးခဲ့ပါတယ်”ဟု ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က နိရဥ္စရာသို့ ပြောသည်။

ပြန်လွှတ်ပေးခြင်းခံရသည့် ကိုကျော်ဇင်ထွန်းသည် စစ်ဘက်နှင့်ပတ်သက်ခြင်း မရှိ၍ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက “သူက ဆောက်လုပ်ရေး အငယ်တန်း အင်ဂျင်နီယာ။ သူက ရွှေနဒီနဲ့ လာတဲ့အခါ ပါတာ။ နယ်စပ်ခြံစည်းရိုး ကာဖို့အတွက် စစ်အင်ဂျင်နီယာအဖွဲ့တွေနဲ့လာတာပေါ့နော်။ အဲဒီမှာ ရွှေနဒီဖြစ်စဉ်နဲ့ ရောပြီး သူလည်း ပါလာတာပါ။ အဲဒီမှာ သူက စစ်သား ဟုတ်/မဟုတ်၊ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်မှု ရှိမရှိ အချိန်ယူပြီး လေ့လာ စစ်ဆေးနေတဲ့အတွက် သူ့ကို အချိန်နည်းနည်းကြာအောင် ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ အခု နောက်ပိုင်းမှ စစ်ဘက်နဲ့ မသက်ဆိုင်၊ အရပ်ဘက်ကဖြစ်တဲ့အတွက် သူ့ကို ချောချောမောမောနဲ့  ပြန်လွှတ် ပေးလိုက်တာပါ။” ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။

ကိုကျော်ဇင်ထွန်းမှာ ဘူးသီးတောင်မြို့၊ မြို့ပြတံတားပြုပြင်ထိန်းသိမ်းရေးဌာနခွဲ (၄) တွင် အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ကြောင်း ၄င်းနှင့်အတူ အလုပ်အတူလုပ်သည့် လုပ်ဖော်ကိုင်ဖက် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

၂ဝ၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က စစ်တွေ-ဘူးသီးတောင် ပြေးဆွဲနေသည့် ရွှေနဒီ အမြန် ရေယာဉ်တွင် လိုက်ပါလာသူများအား အရပ်သားနှင့် စစ်ဘက်ဆိုင်ရာ လူများအား ခွဲခြားရန် အရပ်သား ၂၅ ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီး ၄င်းတို့အား ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာတွင် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

----------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၅/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ