တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် လက်နက်ကြီးသံကြောင့် အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ အမျိုးသမီးကြီး တစ်ဦး လက်နက်ကြီး ပစ်ခတ်သံကြောင့် နှလုံးရပ်ပြီး သေဆုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ မြောက်ဦးက လက်နက်ကြီးပစ်တယ်ဆရာ။ ည ၉ နာရီလောက်မှာ။ ရွာကိုကျော်ပြီး ရွာရဲ့ မြောက်ဘက် စုန်းမကြီးချိုင်ကို ပစ်တာ။ အသံက အရမ်းကျယ်ပြီး ကြောက်စရာကောင်းပါတယ်။  အဲဒီလက်နက်ကြီးအသံကြောင့် နှလုံးရပ်ပြီးသေသွားတာပါ။ လက်နက်ကြီးပစ်တဲ့ အချိန် ၉ နာရီမှာဘဲ ဆုံးတာပါ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

သေဆုံးသူမှာ ဒေါ်အေးချေ (၆ဝ) နှစ်ဖြစ်ပြီး အလောင်းကို ရွာ၌ ထားရှိကာ ယနေ့တွင် သင်္ဂြိုလ်မည်ဟု  သိရသည်။

“ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဘာကြောင့် ပစ်တယ်လည်းဆိုတာကို မသိဘူး။ ရှစ်လုံး ကိုးလုံးလောက်ကွဲတယ်။ ကွဲတဲ့နေရာမှာ မီးလောင်တယ်။ အခုထိ မီးလောင်နေတုန်းဘဲ ရှိပါတယ်။ အဲဒီနေရာက ကျွန်တော်တို့ ကျောင်းတောင်ရွာက တစ်မိုင်လောင်လည်း မဝေးဘူး။ မိုင်ဝက်ကျော်ကျော်လောက်ရှိပါမယ်” ဟု ၎င်းက ပြောကြားသည်။

မြောက်ဦး ဒေသခံ တစ်ဦးက " လက်နက်ကြီးပစ်တာက မြောက်ဦးမြို့ တပ်ရင်းတွေ အပြင် ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်နဲ့ အဲဒီနောက်က တောင်ဖြူတောင်ပေါ်ကလည်း ပစ်ပါတယ်။ ပစ်သံတော့ အလုံး ၂ဝ လောက် ကြားလိုက်ရပါတယ်။ ဒါပြင် မနေ့က ညနေပိုင်းကတည်းက မြောက်ဦး အမှတ် ၅၄ဝ ဘက်က လက်နက်ငယ်ပစ်သံတွေကို ကြားရပါတယ်။ ဒါကတော့ စစ်တပ်က ပစ်တယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။

လက်နက်ကြီးပစ်ခတ်သံမှုများကြောင့် ဒေသတွင်း ပြည်သူများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု ဆိုသည်။

---------------------------------

Unicode:


 
နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၇/၂ဝ၂ဝ







ဆက်စပ် သတင်းများ