တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

အမ်း ဒါးလက်တွင် လက်နက်ကြီးကျည်စထိမှန်၍ လူတစ်ဦးအနည်းငယ် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ရွာဟောင်းကျေးရွာတွင် လက်နက်ကြီး ကျည်စထိမှန်မှုကြောင့် လူတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ဒလက်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုသိန်းထွန်းမောင် ဖြစ်ပြီး  ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၉ နာရီအချိန်လောက်တွင် ရွာထဲတွင် သွားလာနေစဉ် လက်နက်ကြီးကျည်စ ထိမှန်ကာ ပါးပြင်တွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသွားဟု သိရှိရသည်။

" ဟိုတစ်ရက်နေ့က ကျနော်တို့ရွာကိုကျော်ပြီး လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ကြီးက ရွာထဲကိုတော့မကျဘူး။ ဒါပေမယ့် လက်နက်ကြီးဖြတ်သွားတဲ့အချိန်မှာ ဗုံးဆံတွေက ရွာထဲကို ဖိတ်စင် ကျလာတယ်လေ။ အဲဒီက ဗုံးဆံအစတစ်ခုက သူမျက်နှာကို လာထိသွားတယ်။ သူ့ဝဲဖက်ပါးပြင်မှာ တစ်လက်မလောက် ခြစ်ရာလို ဒဏ်ရာ ရသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး ˝ဟု အမည်မဖော်လိုသော ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ယမန်နေ့ညနေဖက်ကလည်း သွေးချောင်းစခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄င်းကျေးရွာမှ နွားတစ်ကောင်သေလုနီးပါး အပြင်းအထန်းဒဏ်ရာရရှိသွားသည်ဟုလည်း သိရှိရသည်။

" နွားကတော့ မသေသေးဘူး။ ဒါပေမယ့် သေတာနဲ့အတူတူပါဘဲ ဘာမှလည်း လုပ်လို့မရတော့။ လက်ဆစ်၊ ခြေဆစ်တွေလည်း အားလုံးလွှတ်သွားတယ်။ ကျနော်သွားကြည့်တဲ့အချိန်မှာ အသက်တော့ မထွက်သေးဘူး။ အခုတော့သေပြီးလား/ မသေးဘူးလားဆိုတာကို ကျနော်လည်း မသိဘူး။ ကျနော်မနက်အစောကြီး သွားကြည့်တဲ့ အချိန်မှာတော့ မသေသေးဘူး˝ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ̏ နွားသေတယ်၊ မသေဘူးဆိုတာကိုတော့ မသိဘူး။ ပစ်ခတ်သံတွေတော့ ကြားတယ်။ တိုက်ပွဲဖြစ်လို့ပစ်တာလား တိုက်ပွဲမဖြစ်ဘဲနဲ့ ပစ်တာလားဆိုတာကို ကျနော်တို့အနေနဲ့ အတည်ပြုဖို့ခက်နေသေးတယ်˝ ဟု ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာသားတွေမှာ ကြောက်လန့်ပြီး ထင်းရှာ၊  ဟင်းရှာ မသွားရသည့်အတွက် စားရေးသောက်ရေးအခက်အခဲဖြစ်နေသည်ဟုလည်း ဒေသခံများထံမှ သိရှိရသည်။

--------------------------------


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၇ / ၂ဝ၂ဝ








ဆက်စပ် သတင်းများ