တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောင်းဘွေမှ လက်နက်ကြီးကျည်ကျ၍ အိမ်မီးလောင်သွားသည့် ဆရာမ ဒေါ်သန်းသန်းအေး ဖခင်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေ အရှေ့ပိုင်းမှ လက်နက်ကြီးကျည်ကျပြီး မီးလောင်သွားသည့် ကျောင်းဆရာမ ဒေါ်သန်းသန်းအေးဖခင်သည် ယနေ့ နေ့လယ်ပိုင်းက မြောင်းဘွေ တိုက်နယ်ဆေးရုံတွင် ကွယ်လွန်သွားပြီဟု သတင်းရရှိသည်။

မြောင်းဘွေကျေးရွာ အုပ်ချုပ်ရေးမှူးက “ အခု ဆုံးသွားတဲ့အတွက် ကျွန်တော်ဆေးရုံကို ရောက်နေပါတယ်။ အဖိုးကြီးက လက်နက်ကြီးကျည်ကျပြီး အိမ်မီးလောင်ရာက ကယ်လိုက်နိုင်ပေမယ့် လေရိုက်နေတဲ့ အတွက် သတိမေ့သွားတဲ့ အတွက် ဆေးရုံပို့ရပါတယ်။  အခုတော့ ဆုံးသွားပါပြီ” ဟု ပြောကြားသည်။

သေဆုံးသူ ဆရာမ ဒေါ်သန်းသန်းအေး ဖခင်မှာ ဦးမောင်စောဦးဖြစ်ပြီး အသက် ၇၈ နှစ်ရှိပြီဟု သိရသည်။

ယနေ့ နံနက်  ၇ နာရီလောက်က မြောင်ဘွေချေ ကျေးရွာအနီးတွင် တပ်မတော် ကားတန်း တစ်ခုကို အေအေက  မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးကျည်တစ်လုံး မြောင်းဘွေ ကျေးရွာ အရှေ့ပိုင်းမှ ဆရာမ ဒေါ်သန်းသန်းအေး နေအိမ်ကို ကျရောက်မီးလောင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

၎င်းမီးမှာ အနီးအနားရှိ  ဆရာဦးထွန်းသိန်းအိမ်၊ ဦးကျော်သောင်းနှင့် မောင်မြင်သန်းတို့ နေအိမ်များကို ကူးစက် လောင်ကျွမ်းသွားခဲ့သည်။ 

-------------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၉/၂ဝ၂ဝ






ဆက်စပ် သတင်းများ