တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဂျိတ်ချောင်းကျေးရွာမှ တိုက်ပွဲဖြစ်ရာမှလက်နက်ကြီးကျည်စထိမှန်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦး အမ်းဆေးရုံပို့ဆောင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စု၊ ဂျိတ်ချောင်းကျေးရွာ အနီးတွင် ယနေ့ ညနေ ၅ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားပြီး တိုက်ပွဲထဲမှ လက်နက်ကြီးကျည် ရွာအနီး ကျရောက် ပေါက်ကွဲသဖြင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့ကာ အမ်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ဂျိတ်ချောင်းကျေးရွာမှ မစောစောရီ (၁၇) နှစ်ဖြစ်ပြီး  ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ တိုက်ပွဲက ညနေ ၅ နာရီလောက်မှာ စဖြစ်တယ်။ ရွာအပြင်က လူတွေကို ရွာအလယ်မှာစုတော့ အဲဒီအချိန်မှာ လက်နက်ကြီးကျည်စ မှန်သွားတယ်လို့ ပြောပါတယ်။ ဝမ်းဗိုက်မှာထိသွားပါတယ်။ အခု အမ်းဆေးရုံကို အချိန်မီ ပို့ဆောင်လိုက်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

တိုက်ပွဲမှာ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တစ်နာရီခန့် ဂျိတ်ချောင်း ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးသို့ ယနေ့ ည ၇ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းစဉ် ၎င်းက “အခုကတော့ ရွာကနေ ကယ်ထုတ်လာပြီး အမ်းကို ယူသွားပါတယ်။ အဓိက ကျနော်တို့က အသက်ကို လုနေကြတယ်။ လူနာကလည်း အလူးလိမ့်နေတယ်လို့ ပြောပါတယ်။ ကဇူးကိုင်း   အုပ်ချုပ်ရေးမှူး အကူအညီနဲ့ ဒီနေ့အမ်းဆေးရုံကို တိုက်ရိုက်ပို့တာပါ” ဟု ပြောသည်။

---------------------------------

Unicode:








ဆက်စပ် သတင်းများ