တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော် ရွှေပြည်မှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသည့်အမျိုးသမီး ဆေးကုသရန် စစ်တွေဆေးရုံသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

နီမင်းထွန်း၊ချစ်အိလှိုင်
နိရဉ္စရာ၊ မတ် ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းအုပ်စု ရွွှေပြည်ကျေးရွာမှ လက်နက်ကြီး ကျည်ကျ၍ ဒဏ်ရာရသည့်အမျိုးသမီးတစ်ဦး ဆေးကုကရန် ယနေ့ မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တွေဆေးရုံသို့ရောက်ရှိလာသည်။

ဒဏ်ရာရသူမှာ ရွှေပြည်ကျေးရွာမှ ဒေါ်နီနီအေး(၃၈)နှစ် ဖြစ်သည်။

မတ်လ ၂ ရက်နေ့၊ ညဉ့် ၁နာရီခွဲ အချိန်တွင် နေအိမ်သို့ လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲသောကြောင့် သူ့မ၏ဝမ်းဗိုက်နှင့် ဘယ်ဖက်ပေါင်ရင်းတွင် ဒဏ်ရာ ရသွားသည်ဟု ဒဏ်ရသူ၏ ခင်ပွန်းဖြစ်သူ ဦးမောင်သန်းစိုးက ပြောသည်။

“အိမ်မှာလက်နက်ကြီးလာကျလို့ ကျနော်မိန်းမမှာ ဒဏ်ရာရသွားတာပါ။ လောယာဉ်ကနေ ပစ်တာလို့ ထင်တယ်။ လေယာဉ် အသံကို ညဉ့်အချိန်မှာကြားရတယ်။ လေယာဉ်က တအားဝဲလို့ ပစ်နေတာ။ တစ်ရွာသားလုံးလည်းဝပ်နေကြတယ်။ အဲဒီမှာ ကျနော်တို့ ဝပ်နေတဲ့နားမှာ လာကျတာ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး”ဟု ဦးမောင်သန်းစိုးက ပြောသည်။

လေယာဉ်ဖြင့် ညဉ့်အချိန် လာရောက်ပစ်ခတ်မှုများရှိကြောင်း ကျေးရွာသားများက ပြောသော်လည်း ၎င်းထိမှန်ခဲ့သည့် လက်နက်ကြီးကျည်စမှာ လေယာဉ်ပေါ်မှ ဟုတ်/ မဟုတ်ကို နိရဥ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဒေါ်နီနီအေး၏ ဒဏ်ရာအား  စစ်တွေဆေးရုံကြီးတွင် ကုသရန် ကျောက်တော်ဆေးရုံဆရာဝန်ကြီးမှ စေလွတ်လိုက်ခြင်း ဖြစ်ပြီး လမ်းတွင် စစ်တပ်မှ စစ်ဆေးမှုများ ရှိခဲ့သည်ဟု ၄င်းကဆက်ပြောခဲ့သည်။

တစ်နှစ်ကျော်အထိ ကြာမြင့်နေပြီဖြစ်သည့် ရက္ခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲကာလအတွင်းတွင် အရပ်သားသေဆုံးမှု ၁ဝဝ ကျော်နှင့် ထိခိုက်ဒဏ်ရမှုများလည်း အဆက်မတန်များပြီး၊ စစ်ဘေးရှောင်ဦးရေမှာလည်း တစ်သိန်းနှစ်သောင်းကျော်အထိ ရှိနေပြီဟု RECက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်(၈)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက်လိုင်းဖြတ်တောက်ထားမှုများလည်းရှိနေသည်။

----------------------------

Unicode:


နိရ ဉ်စရာ၊ မတျ ၃/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ