တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင်ကျောက်တန်းရွာမှ နေအိမ်များ လက်နက်ကြီးကျ၍ ဆက်လက်မီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ မတ် ၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ယနေ့နံနက်က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ၍ နေအိမ်များ ဆက်လက်မီးလောင်နေကြောင်း သတင်းရရှိသည်။

ဒေသခံ တစ်ဦးက “ အခု လောင်နေပါတယ်။  ကျောက်တန်းရွာ ဘောလုံးကွင်းအနီးက  အိမ်တွေကို မီးလောင်နေပါတယ်။ အောင်သာစည်မှာ ရောက်နေတဲ့ စစ်တပ်က လက်နက်ကြီး တွေနဲ့  ဒီကနေ့ မနက်က ပစ်တဲ့ အတွက် မီးလောင်နေတာပါ”ဟု ပြောသည်။

ယခုကဲ့သို့သာ ဆက်လက် ပစ်ခတ်နေပါက တစ်ရွာလုံး တစ်ဆောင်မှ မကျန်ဘဲ မီးလောင်သွားနိုင်ကြောင်း၊ ရွာထဲတွင် လူတစ်ဦးတစ်ယောက်မှ မရှိသဖြင့် မီးလောင်လျှင် မီးသတ်မည့်သူ မရှိသဖြင့် တစ်အိမ်မှ တစ်အိမ်သို့ ကူးစက် လောင်ကျွမ်းခြင်းဖြစ်သဖြင့် အန္တရာယ် အလွန်ကြီးကြောင်း ၎င်းက ပြောသည်။

ကျောက်တန်း ဒေသခံ တစ်ဦးကလည်း ယနေ့ လက်နက်ကြီးကျည်ကျ၍ ကျောက်တန်းရွာမှ ဦးအေးထွန်းအောင်၏ နေအိမ် မီးလောင်သွားခဲ့သည်ဟု ပြောဆိုသည်။

အမျိုးသားလွှတ်တော် ဦးခင်မောင်လတ်သို့ ဆက်သွယ်ရာ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို သတင်းရရှိထားပြီး မီးလောင်မှု ရှိ / မရှိကိုဆက်သွယ် မေးမြန်းနေတုန်းဟု ပြောသည်။

ကျောက်တန်းကျေးရွာသည် အိမ်ခြေ ၅ဝဝ ကျော် လူဦးရေ ၃ဝဝဝ ခန့်နေထိုင်သော ကျေးရွာကြီး တစ်ရွာဖြစ်ပြီး လက်ရှိ အချိန်တွင် ရွာသားများမှာ ရွာကို စွန့်ခွာသွားကြပြီ ဖြစ်သဖြင့် ရွာထဲတွင် လူတစ်ဦး တစ်ယောက်မျှ မရှိကြောင်း သိရသည်။

----------------------------------

Unicode


နိရဉ်စရာ၊ မတျ ၄/ ၂ဝ၂ဝ







ဆက်စပ် သတင်းများ