တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကလေးငယ်များအပါအဝင် ဒဏ်ရာရသူ ၈ ဦး ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရန် အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၅ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ကလေးငယ်များ အပါအဝင် ဒဏ်ရာရသူ အနည်းဆုံး ၈ ဦးအား ဆေးရုံပို့ဆောင်ရန် အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ မီးဝကျေးရွာက ၃ ဦးနှင့် ပြိုင်းတိုင်းကျေးရွာမှ ၅ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၄ ရက်နေ့တွင် မီးဝကျေးရွာမှ ဒဏ်ရာရရှိသူ ၃ ဦးမှာ ကိုဇော်ဝင်း (၁၂) နှစ်၊  ကိုအလုံး (၃ဝ) နှစ်နှင့် မဝိုင်းဝိုင်းဖြူ (၂၂) နှစ် ဖြစ်ကြသည်။

ပြိုင်းတိုင်းကျေးရွာမှ ဒဏ်ရာရရှိသူ ၅ ဦးမှာ ဒေါ်အေးမြ (၅၃) နှစ်၊ ဦးစိုးမြင့် (၅၇) နှစ်၊ မောင်လှသိန်းမောင် (၁ဝ) နှစ်၊ ဒေါ်လှမြဦး (၈၈) နှစ်နှင့် ပဥ္စမတန်းကျောင်းသူ မမချေ (၁၂) တို့ ဖြစ်ကြသည်။

“ ဒဏ်ရာရထားတဲ့ လူတွေက ရွာမှာဘဲရှိသေးတယ်။ ဆေးရုံ၊ ဆေးခန်းတွေကိုလည်း မပို့ ရသေးဘူး။ လမ်းကြောင်းတွေက ပိတ်နေတယ်။ ကုန်ကြောင်း၊ ရေကြောင်းတွေကိုလည်း အကုန် ပိတ်ထားတယ်။ရေကြောင်းသွားလို့ရှိရင်လည်း ငန်းတောင်ကနေပြီးတော့ ပစ်နေတယ်။ အခုလည်း တိုက်လေယာဉ်နှစ်စီးနဲ့ ပစ်သွားတယ်။ ဒဏ်ရာရတဲ့ လူနာတွေမှာလည်း စိုးရိမ်ရတဲ့ လူနာတွေ ပါတယ်။ ဒါပေမယ့် ဆေးရုံကိုပို့ဖို့ အခုထိ အဆင်မပြေသေးဘူး။ ˝ဟု ဒေသခံတစ်ဦးက ပြောသည်။̏

ယခု ဒဏ်ရာရသူများမျာ တပ်မတော်က ဂျက်တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများ ဖြစ်ပြီး ၄င်းလူနာများအား အမြန်ဆုံး ဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

----------------------------------



နိရဉ်စရာ၊ မတျ ၅ / ၂ဝ၂ဝ







ဆက်စပ် သတင်းများ