- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
နီမင်းထွန်း
နိရဥ္စရာ၊ မတ်လ ၁၆/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကမ်းအနီး အုတ်ကြွတ်ကျေးရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူ ဦးမောင်ဖြူလှ(၆၃)နှစ်အား ယနေ့နံနက် ၁၁ နာရီခန့်က စစ်တွေဆေးရုံသို့ ယူဆောင်လာခဲ့ရသည်။
ယနေ့နံနက် ၃ နာရီကျော် အချိန်ခန့်တွင် ကုလားတန်မြစ်အတွင်း သွားလာနေသည့် တပ်မတော် နေဗီမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ဦးမောင်ဖြူလှတွင် ရင်ဘက်၊ ခြေထောက်နှင့် ဒူးတို့တွင် ဒဏ်ရာ ရရှိသွားပြီး စိုးရိမ်ရသည်ဟု ညီမဖြစ်သူ ဒေါ် မယဉ်စိန်က ပြောသည်။
“မနက် ၃ နာရီလောက်မှာ နေဗီကနေပစ်တယ်။ အစ်ကိုကြီးကကြောက်လို့ ဗုံးခိုကျင်းထဲကို သွားတာ အဲဒီမှာ လက်နက်ကြီးကျလို့ ဒဏ်ရာရသွားတာ။ လူနာအခြေအနေက တော်တော် စိုးရိမ်ရတယ်”ဟု ၄င်းကပြောသည်။
ဦး မောင်ဖြူလှသည် ဒဏ်ရာပြင်းထန်သည့်အတွက် အပေါက်ဝဆေးရုံမှတစ်ဆင့် စစ်တွေ ဆေးရုံကြီးကို ယူဆောင်လာရခြင်းဖြစ်သည်။
ယနေ့နံနက် အစောကြီးက ဖြစ်ပွားခဲ့သည့် ပတ်ခတ်မှုဖြစ်စဉ်အတွင်း အုတ်ကြွတ်ကျေးမှ (၂)ဦး၊ ရောင်စုံ(ရောင်ဇူ)ကျေးရွာ (၂) ဦး ၊ အင်ဘာရီ မူဆလင်ကျေးရွာမှ (၃)ဦးနှင့် ပေါက်လေဝ(တောင်) မှ ၂ ဦး စုစုပေါင်း (၉)ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရသွားကြောင်းသိရသည်။
-------------------------------
နိရဉ်စရာ၊ မတျလ ၁၆/၂ဝ၂ဝ