- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၂ဝ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ကန်တော်ကြီး အနီးတွင်ကစားနေသည့် တပ်ကြပ်တစ်ဦး၏သား အသက်(၁၁) နှစ်အရွယ်ကလေးငယ် တစ်ဦးမှာ မှားယွင်း သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။
ပစ်ခတ်ခံရသူမှာ ရသေ့တောင် အခြေစိုက် ခမရ ( ၅၃၇) တပ်ရင်းမှ တပ်ကြပ်သန်းဝင်း၏သား အသက် ၁၁ နှစ်အရွယ်ရှိ မောင်အောင်ဆန်းဦးဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုမှာ ယနေ့ နေ့လယ် ၁၂နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ၎င်းကလေးငယ်၏ လက်နှင့် ဝမ်းဗိုက်တို့တွင် ထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
“ ကလေးတွေက ကန်တော်ကြီး အလယ်ချိုင့်နားမှာ ဆော့ကစားနေကြတယ်လို့သိရတယ်။ အဲဒါကို သူတို့ တပ်ကနေ သံသယဖြစ်ပြီး ပစ်လိုက်တယ်လို့ အဲသလိုဘဲ ကြားရတယ်။ အခုတော့ ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူနေတယ်˝ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့မရဲစခန်းမှူးကို ဆက်သွယ်ရာ ဖုန်းကိုင်သော်လည်း မအားသေးကြောင်း ပြောသဖြင့် ရဲဘက်က အတည်ပြုချက်ကိုတော့ ရယူနိုင်ခြင်း မရှိသေးပါ။
----------------------------
Unicode:
နိရဉ်စရာ၊ မတျ ၂ဝ / ၂ဝ၂ဝ