- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၆/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာတွင် တပ်မတော်စစ်ကြောင်း တစ်ခုက ခေါ်ယူ စစ်ဆေးခဲ့သည့်ကျေးရွာသား ၂၃ ဦးကို ပြန်လွတ်လာသည်ဟု သိရသည်။
၎င်းတို့မှာ ဘုရားပေါင်းကျေးရွာမှ ၁၉ ဦး၊ တောင်ပေါက်ရွာက ၃ ဦးနှင့် ပုဏ္ဏားရွာမှ ရွာသား ၁ ဦး၊ စုစုပေါင်း ၂၃ ဦး ဖြစ်သည်။
သူတို့ ၂၃ ဦးအား တပ်မတော်စစ်ကြောင်း တစ်ခုမှ ယမန်နေ့သြဂုတ် ၅ ရက် ညနေ ၆ နာရီကတည်းက ဘုရားပေါင်း ဘုန်းတော်ကြီးကျောင်းဟောင်းတွင် ခေါ်ယူစစ်ဆေးခဲ့ပြီး ယနေ့ညနေ ၄ နာရီကျော် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ဘုရားပေါင်း ကျေးရွာသား တစ်ဦးက ပြောသည်။
“ဆရာတော်ကြီးတွေနဲ့ အရပ်လူကြီးတွေ သွားတောင်းတော့ စစ်ကြောင်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ မလွတ်ပဲ ကျနေခဲ့တဲ့ ပုဏ္ဏားရွာမှ လူငယ်တစ်ဦးလည်း ည ၅ နာရီကျော်မှာ မိဖတွေကို ခေါ်ပြီး ပြန်လွှတ် ပေးလိုက်တယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။
ပုဏ္ဏားရွာမှ ဖမ်းဆီးခံရသူ လူငယ်မှာ (ဖ) ဦးမောင်ဖြူချေ (မိ) ဒေါ်ကျော့သာမေတို့၏ သား အသက် (၂၆) နှစ်အရွယ် ညီညီစိုးဆိုသူဖြစ်ကြောင်း သိရသည်။