သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် အပေါက်ဝရွာ မွတ်ဆလင်ရပ်ကွက်မီးလောင်၍ နေအိမ် ၂၀ခန့်ဆုံးရှုံး၊ လူပေါင်း ၁၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာ၊ မွတ်ဆလင်ရပ်ကွက်တွင် မီးလောင်၍  နေအိမ် ၂၀ခန့် ပျက်စီးသွားပြီး လူပေါင်း  ၁၀၀ နီးပါးခန့်  အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်းသတင်းရရှိသည်။

ယနေ့ဇန်နဝါရီ ၉ ရက် နေ့လယ် ၁နာရီခန့်က  မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အပေါက်ဝကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ ဒီနေ့တစ်နာရီလောက်က မီးလောင်ခဲ့တယ်။ ပေါ့ဆမီးကြောင့် စလောင်တာပါ။  အိမ်တွေက နီးနီးကပ်ကပ်ရှိတော့ ကူးစက်မြန်သွားတာပါ။ အိမ် ၂၀လောက် ပြာကျသွားပါတယ်” ဟုပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ရပ်သူရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြရသည်​ဟု သိရသည်။

“မီးသတ်ကားတွေရောက်လာတဲ့အချိန်မှာ မီးကငြိမ်းသွားပါပြီ။ မီးငြိမ်းသွားပေမယ့် ဒေသခံ ၁၀၀နီးပါးလောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါပြီ။ မီးကို လူတိုင်း သေချာဂရုတစိုက် သုံးစွဲသင့်ပါတယ်” ဟုပြောသည်။

အပေါက်ဝကျေးရွာတွင် မူဆလင်ရပ်ကွက် ၂ ခုနှင့် ရခိုင်ရပ်ကွက် ၅ ခုရှိပြီး ၂၀၂၂ ခုနှစ်ထိ အိမ်ခြေ ၁၈၀၀ကျော်နီးပါးနှင့်  လူဦးရေ ၉၀၀၀ကျော်နီးပါးရှိကြောင်းသိရသည်။(NN-11)

ဆက်စပ် သတင်းများ