သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်မှ လူငယ်စာရေးဆရာ မင်းဒီပါ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

မြထွီးသျှင်
နိရဉ်စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ ကိုမင်းဒီပါသည် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခြင်းကိုခံလိုက်ရသည်ဟု သိရသည်။
သူသည် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်ရုံးချိန်းတွင် မြောက်ဦးခရိုင်တရားရုံး၏ ထောင်ဒဏ်ချမှတ်ခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးလင်းက နိရဥ္စရာသို့ပွောသညျ။
"အလုပ်ကြမ်းနဲ့ ၁ဝ နှစ်ချမှတ်လိုက်ပါတယ်။ ပုဒ်မ ၅၀(ည)နဲ့ စွဲထားတာမှာတော့ ၁ဝ နှစ်ဆိုတာက အနည်းဆုံးပြစ်ဒဏ်ပါ။ အများဆုံးတစ်သက်တစ်ကျွန်းအထိချမှတ်လို့ရပါတယ်"ဟုပြောသည်။
စာရေးဆရာမင်းဒီပါအား လက်ရှိတွင် မြောက်ဦးအချုပ်၌ ထိန်းသိမ်းထားပြီး မည်သည့်နေ့တွင် စစ်တွေအကျဉ်းထောင်သို့ပြောင်းရွှေ့မည်ကို မသိရသေးကြောင်း ရှေ့နေက ဆက်ပြောသည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ကာ နိုဝင်ဘာလ ၁၂ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့်စတင်တရားစွဲဆိုခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်တွင် မြောက်ဦးခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးအမှုဖွင့်တရားစွဲခံထားရသူနောက်ထပ် ၉ ဦးရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ