ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

တောင်ကုတ်မှ ဦးဝေသောင်း၊ ဦးဇေယျကျော်တို့ ၄ ဦး လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 9k

ချစ်အိလှိုင်

နိရဉ္စရာ၊ ဧပြီ ၂၆/ ၂၀၂၁

 

တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်တို့ကို ယနေ့ တောင်ကုတ်မြို့နယ် တရားရုံးက လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

၄င်းတို့အား  ယနေ့ ရုံးချိန်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်ကပြောသည်။

 

အခုပဲ အမိန့်ချတယ်ပေါ့နော်။ တရားလိုက သံသယနဲ့တရားစွဲတယ်လို့ပဲ ရုံးတော်က သုံးသပ်တယ်။ ဒီတရားခံတွေပေါ်မှာ ရာဇဝတ်ကျင့်ထုံး  ဥပဒေပုဒ်မ (၂၅၈၊၁ )အရ တရားသေလွှတ်လိုက်ပါတယ်။ လေးယောက်စလုံးလွတ်လာပြီဟုပြောသည်။

 

ဦးဝေသောင်း၏ သမီးဖြစ်သူ မနှင်းဝေဝေဖြိုးက ဒီနေ့ရုံးချိန်းကိုလိုက်မသွားလိုက်ဘူး။ အဖေတို့ လွတ်တယ်လို့အခုပဲ သတင်းရလို့ ရုံးကိုလိုက်သွားနေပါတယ်။ အတည်ပြုလို့ရပါတယ်။ သိပ်ဝမ်းသာပါတယ်ဟုပြောသည်။

 

သူတို့၏ မိတ်ဆွေတစ်ဦးက ယနေ့ညနေ ၃ နာရီခန့်က လွှတ်ပေးလိုက်တာပါ။ အခုရဲစခန်းကို ခေါ်သွားပါတယ်။ အပြင်ထွက်မလာသေးဘူးဟု ယနေ ၄ နာရီက ဆက်သွယ် ပြောဆိုသည်။

 

၄င်းတို့ကို  ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သက်သည်ဟု စွပ်စွဲချက်များဖြင့် ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅ဝ(က) ၊ ၅၂ (က) တို့ဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

၄င်းတို့လေးဦးမှ  ဦးဇေယျကျော်ကို ၂ဝ၂ဝခုနစ် မေလ ၉ ရက်နေ့တွင်တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေလ ၉ ရက်နေ့တွင် ဦးစန်းငွေ  ကို ထပ်မံဖမ်းဆီးခဲ့သည်။

 

 ယင်းနောက် ဦးဝေသောင်း ကို မေလ ၁၁ ရက်နေ့ နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ်ကို မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ဆက်စပ် သတင်းများ