- Web Master
- ၂၉ ဧပြီ ၂၀၂၄
စောရှင်မေ/ နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၄
ချင်းပြည်နယ်၊ ပလက်ဝမြို့ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ပြီးနောက် စက်သုံးဆီဈေး တစ်လီတာကို ကျပ် ၂သောင်းမှ ၃ သောင်းအထိရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၉ ထောင်ထိ ကျဆင်းသွားခဲ့သော်လည်း စက်သုံးဆီပြတ်လပ်မှုရှိနေ၍ ရေတင်ရန်အခက်အခဲဖြစ်ရာမှ သောက်သုံးရေရှားပါးနေသည်ဟု ဒေသခံများက ပြောကြားသည်။
ပလက်ဝတွင် လျှပ်စစ်မီးမရရှိသည့်အတွက် စက်သုံးဆီသုံး မော်တာစက်များဖြင့် ရေတင်ရန် လုပ်ဆောင်နေကြရပြီး စက်သုံးဆီရှားပါးနေသည့်အတွက်သောက်သုံးရေ ရရှိရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။
ဒေသခံတစ်ဦးက " မီးလည်းမရဘူး။ ရေကလည်း ပြတ်တောက်ပြတ်တောက်နဲ့။ အရင်ကဆိုရင် တစ်ရက်ခြားတစ်ခါ ၄၅ မိနစ် ရေပေးတယ်။ အခုဆိုရင် တစ်ရက်ခြားကို ၂၀၊ ၂၅ မိနစ်လောက်ပဲ လာတော့တယ်။ ဒီလိုမျိုးက တစ်လလောက်ရှိနေပြီ။ ရေသိပ်အခက်ခဲရှိနေပါတယ် " ဟုပြောသည်
ရပ်ကွက်အလိုက် ရေပေးဝေမှုများရှိသော်လည်း စက်သုံးဆီဈေးနှုန်းမြင့်မားနေ
" ချောင်းရေကို စက်နဲ့ ရေလှောင်ကန်ထဲတင်ပြီးတော့ ဖြန့်ဝေပေးတာလေ။ အဲ့တော ဆီလိုတာပေါ့နော်။ ရေပေးစနစ်အတွက် ငွေကြေး နည်းနည်းလောက်တိုးမြှင့်ကောက်ယူ
ပလက်ဝမြို့တွင် ရေအခွန်ခ တစ်လလျှင် ကျပ် ၃၀၀၀ ခန့် ပေးဆောင်နေရသော်လည်း စက်သုံးဆီဈေးကြောင့် ယခုလိုအခက်အခဲဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ပလက်ဝမြို့မှ လူမှုရေးလှုပ်ရှားနေသူများက ပြောသည်။
တိုက်ပွဲမဖြစ်ပွားမီက ပလက်ဝမြို့တွင် စက်သုံးဆီဈေး တစ်လီတာကို ကျပ် ၂သောင်းမှ ၃ သောင်းအထိပေးဝယ်ခဲ့ရပြီး လက်ရှိတွင် အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဆီဈေးနှုန်းမှာ တစ်လီတာကို ၉ ထောင်ကျပ်ပေးဝယ်နေရခြင်းဖြစ်ကြေ
ပလက်ဝဒေသမှာ စစ်ကောင်စီလက်ထက်က တောင်ပေါ်ဒေသဖြစ်သည့်အပြင် လမ်းပန်း
ဆက်သွယ်ရေး အခက်အခဲရှိခဲ့ပြီး ပညာရေး၊ ကျန်းမာရေးကအစ နောက်ကျ
ကျန်နေခဲ့သည့် ဒေသတစ်ခုဖြ