တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းရှိ မုန်တိုင်းသင့်အိမ်ထောင်စု ၁၈ဝ အတွက် ဦးရာဇ်မြေလူမှုရေးအသင်း (ရန်ကုန်)က ဆန်နှင့် အဝတ်အထည်များထောက်ပံ့


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းသင့်သူများအနက် အိမ်ထောင်စု ၁၈ဝ အတွက် ဦးရာဇ်မြေ လူမှုရေးအသင်း (ရန်ကုန်)နှင့် ပုဏ္ဏားကျွန်းဌာနေအသင်းတို့က ဆန်နှင့် အဝတ်အထည်များကို ထောက်ပံ့ခဲ့ကြသည်ဟု သိရသည်။ 


ဇူလိုင်လ ၃ဝ ရက်၊ နံနက် ၈ နာရီက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ မြို့မဧစေတီဓမ္မာရုံတွင် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ 


ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စံပြရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ရွာဟောင်းရပ်ကွက်နှင့် အလယ်စု ရပ်ကွက်စသည့် မြို့ပေါ်ရပ်ကွက် ၄ ခုရှိ မုန်တိုင်းသင့်အိမ်ထောင်စု ၁၈ဝ ကို အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ သိုက်နှင့် အဝတ်အထည်များ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းဌာနေအသင်းအတွင်းရေးမှူး ဦးထွန်းထွန်းက နိရဉ္စရာကို ပြောသည်။ 


"အဓိကတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေကို ပံ့ပိုးပေးလိုတဲ့သဘောမျိုး လှူပေးတာပါ"ဟု ပြောသည်။ 

ဦးရာဇ်မြေလူမှုရေးအသင်း (ရန်ကုန်)နှင့် ပုဏ္ဏားကျွန်းဌာနေအသင်းတို့သည် မိုခါမုန်တိုင်းပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ငွေကြေးအပါအဝင် တာပေါ်လင်၊ ဆန်၊ ဆီနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ကျပ်သိန်း ၂ဝဝ ဖိုး ထောက်ပံ့ခဲ့ပြီးပြီဟု သိရသည်။

ဆက်စပ် သတင်းများ