- Web Master
- ၂၆ ဇူလိုင် ၂၀၂၄
နိရဉ္စရာ၊ ဇူလိုင် ၂၉/ ၂၀၂၄ ( ဓာတ်ပုံသတင်း)
စစ်ကောင်စီမှ လားရှိုးမြို့ မကျသေးကြောင်း ထုတ်ဖော်ပြောဆိုနေချိန်တွင် ကိုးကန့်တပ်မတော် MNDAAက လားရှိုးမြို့ ပြည်သူ့လုံခြုံရေးအတွက် MNDAA စတင်တာဝန်ယူ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဓာတ်ပုံများနှင့် တကွသတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်ထဲတွင် “အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှ လုံခြုံရေးအသင်းဝင်များက လားရှိုးမြို့ ပြည်သူ့လုံခြုံရေးအတွက် စတင်တာဝန်ယူ လုပ်ဆောင်ကြသည်” ဟု ဖော်ပြထားသည်။