တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ မေ ၁၄/၂၀၂၂ (မြန်မာရေးရာ)
စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတွင် အရပ်သား သေဆုံးမှု ၅၆၀၀ ကျော်ရှိလာသည်ဟု ISP Myanmar ( Institute for Strategy and Policy -Myanmar) ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်အထိ သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေ စုစုပေါင်း ၅,၆၄၆ ဦးထက်မနည်း ရှိခဲ့သည်ဟု ISP Myanmar ၏ မေ ၁၂ ရက်နေ့ထုတ် သတင်းတွင်ဖော်ပြသည်။
၎င်း ၅,၆၄၆ ဦးထဲတွင် ဆန္ဒပြနေစဥ်အတွင်းပစ်ခတ်ခံရသူနှင့် ဖမ်းဆီး ခံရပြီးနောက် သေဆုံးခဲ့ရသူ ၁,၈၃၁ဦ ရှိကြောင်း စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား ရေးသားဖော်ပြသည်။
ကြံခိုင်ရေးပါတီ USDP ဥက္ကဋ္ဌ ၏ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြရာတွင် သတင်းပေးဒလန် အဖြစ် စွပ်စွဲခံရပြီးသတ်ဖြတ်ခြင်းခံရသူ ၃,၁၀၇ ဦး ရှိဟု ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ ၆၉၀ ဦးနှင့် သွေးသောက်အဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ ၁၈ ဦးတို့လည်း အဆိုပါ စာရင်းတွင် ပါဝင်သည်ဟု ဖော်ပြသည်။
ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာသူနှင့် ဖမ်းဆီးခံရပြီးနောက်သေဆုံးခဲ့ရသူ ၁,၈၃၁ ဦးအထဲမှ စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေ ၅၉၉ ဦးထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု အများဆုံးရှိခဲ့သည့် ဒေသဖြစ်သည်ဟု ဖော်ပြသည်။
၎င်းအပြင် ရန်ကုန်တိုင်းမှာ ၂၈၃ ဦး၊ မန္တလေးတိုင်းမှာ ၂၈၁ ဦး၊ မကွေးတိုင်းမှာ ၁၆၁ ဦးနှင့် ပဲခူးတိုင်းတွင်လည်း ၁၄၃ ဦးရှိခဲ့သဖြင့် အရပ်သားသေဆုံးမှုနှုန်း မြင့်ခဲ့သည့် ဒေသများဖြစ်ကြသည်။
ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်။ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာလည်း အရပ်သား သေဆုံးမှု တဦးကနေ ၈၂ ဦးအထိ ရှိခဲ့သည်ဟု ဆိုသည်။ (NN-15)
(Photo by The Jakarta Post)

ဆက်စပ် သတင်းများ