သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဒိုင်ယာစပိုရာ ဥက္ကာပျံနှင့် ရက္ခိတတို့၏ သင်္ကြန်အလွမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4k

ရက္ခ


ဒိုင်ယာစပိုရာ ဥက္ကာပျံနှင့် ရက္ခိတတို့၏ သင်္ကြန်အလွမ်း

==============================

ထက်ရပ်ဘုံ-လျှံဝါပြီ၊ ပဇ္ဖုန်ကျလာသို့ ချိန်ခါကို၊ လွမ်းတော် မမူဘိလော။

ရပ်ဝီးသူ့တိုင်းပြည်တောရဂုံ မှာ၊ ဖော်စုံကျီးငှက်မည်က။ စိတ်မတည်-လွမ်းလောင်မူ၊

မောင်လည်း သူ့ခွင်၊ တာသဘင်ဝယ်၊ မယ့်ရှင် မယ်နယ့်မတူဘဲ။ ဖျားရပ်ကျူ၊ ဝီးမြီးခေါင်၊ ရက္ခမဏ္ဍိုင်၊

ရခိုင်ပြည်ရာက်အောင်တည့်။ တန်ဆောင်းသည်ဖူးဖြူးစွင့်၊မင်းမိုရ်ထွဋ်ခေါင်၊

လေးယောက်မောင်သည်၊ ဘုန်းခေါင်-သိကြားမင့်လည်း။ ခုချက်ချင်း-ပို့ဆက် လှာ၊ ရက္ခမှန်ဖူး၊

မြောက်ဥရွှီပြည်သာ၌။ များစွာသည်-ရွှီလှီလောင်း၊ သိင်္ဃနဒီ၊ နန်းတောင်ဆီဝယ်၊ ရွှီလှီ-မင်းဆိပ်ချောင်း၌။ တသောင်းသောင်းပျာ်ချိန်တွင်၊ တူစုံရှုကြည့်ချင်သည်။ သင်္ကြန်အခါမြတ်တည့်လေ။

(မြောက်ဦးခေတ် စာဆိုတော် ဥက္ကပျံ၏ ဆယ့်နှစ်လရာသီဘွဲ့မှသင်္ကြန်အလွမ်း)

(တစ်)

အတာနွေဦး၊ လတန်ခူးချိန်ခါရောက်သည်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရောက်ရှိနေကြသော ရခိုင် လူမျိုးများအဖရခိုင်ပြည်တော်ပြန် ခရီးင်ကြလေပြီ။ သားဖောက်ချိန်ရောက်တိုင်းတွင် ဂျပန်ကျွန်းစုမှ မြောက်အမေရိကတိုက်၊ ဆိုင်းမြစ်ဆီသို့

သမုဒ္ဒရာ ခရီးကြမ်းနှင်ကြသည့် ဆယ်လမွန်ငါးအုပ်များကဲ့သို့၊ဆောင်းခိုချိန်ရာက်တိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ကျော်လွန်ကာ အန္ဒိယဖက်ဆီ ခရီးကြမ်းနှင်ကြသည့် Demoiselle ကြိုးကြာငှက်အုပ်များကဲ့သို့ ရခိုင်လူမျိုးတို့သည်လည်း သင်္ကြန်ချိန်ခါရောက်တိုင်း အနောက်ရိုးမတောင်ကိုကျော်ကာ ဇာတိမြေအပြန်ခရီးနှင်ကြခြင်းပင် ဖြစ်လေသည်။ ဤသည်မှာ ရက္ခိတဒိုင်ယာစပိုရာများအတွက်နှစ်စဉ် မပျက်ဆင်နွှဲကြသည့် အဖပြည်တော်ပြန်ခရီးပင် ဖြစ်လေသည်။

ရခိုင်လူမျိုးများသည် ကိုယ့်လူမျိုး ကိုယ့်ရေကိုယ့်မြေနှင့် ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးသော လူမျိုးတစ်မျိုးပင်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလန်းနှင့် ဘဝတိုးတက်ရေးတို့အတွက် ချစ်သော အဖရခိုင်မြေကိုစွန့်ခွာကာ အနယ်နယ်နယ်အရပ်ရပ်သို့ ရောက်နှင့်ကြရသော်လည်းနှစ်ကူးအတာသင်္ကြန်ချိန်တွင်တော့ အဖမြေသို့ ပြန်ရောက်နိုင်ဖို့ ကြိုးစားကြစမြဲသာဖြစ်၏။ ဤသည်မှာ ရခိုင်လူမျိုးတို့၏ တန်ဖိုးမဖြတ်နိုင်သော ဇာတိချစ်စိတ်ပင် ဖြစ်လေသည်။

 (နှစ်)

သာမာန်အရပ်သားရခိုင်လူမျိုးများကို မဆိုထားနှင့်။ ရခိုင်သမိုင်းထက်မှ မြောက်ဦးခေတ်စာဆိုတော် ဥက္ကာပျံနှင့် သူ၏သခင် ဘုရင့်သားတော်အိမ်ရှေ့စံမင်းသား မင်းခမောင်းတို့သည်ပင်လျှင် တန်ခူးလသို့ရောက်သည်နှင့် အဖရခိုင်မြောက်ဦးနေပြည်တော်သို့ တမ်းတအောက်မေ့ခဲ့ကြကြောင်း ဆယ့်နှစ်ရာသီဘွဲ့ကဗျာထဲ၌တွ့ရှိရလေသည်။

အတာသင်္ကြန်ချိန်ခါသည် ရခိုင်လူမျိုးတိုင်း၏ရင်ထဲမှ အိမ်လွမ်းစိတ်ကိုပင်းပြင်းပြပြနှိုးဆွ ပေးနိင်သော အချိန်ကာလတစ်ခုဟုဆိုလျှင် ယုံမှားစရာမရှိပါပေ။ ရခိုင်သက္ကရာဇ် (၉၅၉) ခုနှစ်တွင်မြောက်ဦးရွှေနန်းရှင် မင်းရာဇာကြီး(၁၅၉၃-၁၆၁၂) သည် ဟံသာဝ တီပြည်ကို ကုန်းကြောင်း၊ရကြောင်းဖြင့် စစ်ချီတိုက်ခိုက်ခဲ့သည်။ ရေကြောင်းတပ်ဖွဲ့ စစ်သည်တော် (၅၀၀၀၀) ခန့်ကို သားတော် အိမ်ရှေ့စံမင်းသားမင်းခမောင်းနှင့် စာဆိုတော်အမတ်ကြီး စိန်တင်စားဥက္ကာပျံတို့က ကွပ်ကဲ ရ၏။ အိမ်ရှေ့မင်းသားမင်းခမောင်းနှင့် သူ၏အကြီးတော် ဥက္ကာပျံသည် မော်တင်စွန်းကိုပတ်၍ သံလျှင်သို့ ရေကြောင်းအတိုင်း ချီတက်တိုက်ခိုက်ခဲ့ရသည်။ သက္ကရာဇ် (၉၆၁) ခုနှစ်တွင်တော့ ဟံသာဝတီကို စစ်အောင်နိုင်ပြီး ရခိုင်ဘုရင်မင်းရာဇာကြီး ရခိုင်နေပြည်တော်သို့ ပြန်၏။ ဟံသာဝတီတွင် အိမ်ရှေ့စံမင်းသား မင်းခမောင်းနှင့် စာဆိုတော်အမတ်ကြီး ဥက္ကာပျံတို့ကို အစောင့်အရှောက်အဖြစ်ထားရစ်လေသည်။

(သုံး)

ရခိုင့်စာဆိုတော် ဥက္ကာပျံသည် ဟံသာဝတီပြည်တွင် နေချင့်စဖွယ်စံမြန်းနေရသော်လည်း မိမိ၏ ဇာတိ ရခိုင်နေပြည်တော်ကိုန့စဉ်နှင့် အမျှ တမ်းတ လွမ်းဆွေးနေခဲ့ရ၏။ ငယ်ရွယ်တက်ကြွလှသော အိမ်ရှေ့မင်း သားမင်းခမောင်းတစ်ယောက် ဟံသာဝတီပြည်တွင်

ရံရွှေတော်ဖော်ရွေတစ်သင်းနှင့် စည်းစိမ်ယစ်ကာ ကိုယ့် ရပ်ကိုယ့်ရွာသို့ပြန်ရန် မေ့လျော့နေသည်ကို ဥက္ကာပျံက သဘောမတွေ့လှ။ သို့သော် ရာဇမာန်ကြီးမားလှသာ အိမ်ရှေ့စံမင်းသားလေး၏ မျက်ဒေါသစိတ်ကိုသိ၍ပြည်တော်ပြန်ရန် မတောင်းဆိုဝံ့ပေ။

သို့နှင့် အိမ်ရှေ့စံမင်းသားကလေးကို ရခိုင်နေပြည်တော်သို့ ပြန်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဆယ့်နှစ်လ ရာသီဘွဲ့ ကဗျာရှည်ကို ရးသားဆက်သလေသည်။

စာဆိုတော် ဥက္ကာပျံ သည် သူ၏ ဆယ့်နှစ်လရာသီဘွဲ့ပိုဒ်စုံကဗျာထဲတွင် ရခိုင့်ဆယ့်နှစ်လရာသီဂြိုလ် ခွင်လည်ပတ်ပုံများ၊ ရာသီအလိုက် ပွဲခင်းသဘင်များ၊ ရာသီအလိုက်ဝေဆာဖူးပွင့်တတ်သည့် ပန်းများ၊ ရခိုင့်ရေမြေသဘာဝအလှအပများနှင့် မြောက်ဦးမင်းနေပြည်တော် အကြောင်း တို့ကိုကို လွမ်းမောဆွတ်ပျံ့ဖွယ်၊ အောက်မေ့သတိရဖွယ်ရေးဖွဲ့ထားလေသည်။ ဆယ့်နှစ်လရာသီရဘွဲ့ကဗျာကို မယ်နှင့်မောင် တစ်ဦးကိုတစ်ဦး တမ်းတ လွမ်းဆွတ်သည့်ပုံစံ ဇာတ်ကွက်ဆင်၍ ရေးဖွဲ့ထားခြင်းပင် ဖြစ်၏။

ထိုအထဲတွင် ရှိခိုးတောင်းပန်၊ ဘုန်းထက် သန်ကို ကျွန်လျှောက်မည် အစချီသော တန်ခူးလဘွဲ့ ကဗျာပိုဒ်မှာ ပြည်ပရောက် ဒိုင်ယာစပိုရာ မင်းခမောင်းကို အိမ်လွမ်းစိတ်များ တဖွားဖွားလှိမ့်တက်လာစေခဲ့မည်မှာသချာပါသည်။ စာဆိုတော် ဥက္ကာပျံသည် တန်ခူးလဘွဲ့၌ မြောက်ဦးနေပြည်တော်၏ သင်္ကြန်ချိန်ခါ အခြေအနေတို့ကို အရိပ်အမြွတ်လှစ်ဟ ဖွဲ့ဆိုထားခဲ့လေသည်။

(လေး)

နှစ်သစ်အတာကူး၊ လတန်ကူးသင်္ကြန်ချိန်ခါကို ရခိုင်လူမျိုးတို့ အထွဋ်အမြတ်တန်ဖိုးထားရခြင်းမှာ အစဉ်အဆက် ယုံကြည် ကိုးကွယ်မှုဆိုင်ရာ သမိုင်းကြောင်းတချို့နှင့်လည်း ဆက်စပ်နိုင်၏။ ရခိုင်လူမျိုးတို့သည် ရခိုင့်သင်္ကြန်ရေသဘင်ပွဲကို ဓညဝတီခေတ် ဘုရင်ကြီး စန္ဒာသူရိယ လက်ထက်တော် မှစတင်ကာ ဆင်နွှဲံလာ ခဲ့ကြသည်ဟု ယုံကြည်ကြသည်။ ရခိုင်တို့၏တတိယ-

ဓညဝတီခေတ်ကို စိုးစံသော ဘုရင်မင်းတရားကြီး စန္ဒာ သူရိယသည် အိန္ဒိယတွင် မြတ်စွာဘုရားပွင့်တော်မူချိန်နှင့် ကြုံကြိုက်ခတ်ပြိုင်ခဲ့သည်ဟု ရခိုင့်ရာဇဝင်က ဆို သည်။ ရခိုင်ဘုရင်စန္ဒာသူရိယ၏မနောအာရုံဖြင့်ပင့်ဖိတ်မှုကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်သည် ဓညဝတီ ရခိုင်ပြည်သို့ကြွရောက်တော်မူခဲ့သည်။ အိန္ဒိယသို့ ပြန်လည်ကြွချီမည့်အချိန်တွင် ရခိုင်ဘုရင်ကြီး စန္ဒာသူရိယ၏ တောင်းပန်ခယမူကြောင့် မြတ်စွာဘုရားရှင်နှင့် ပုံတော်တူ မဟာမုနိရုပ်ရှင်တော်မြတ်ကို  ရွှေငွေကျောက်သံ ပတ္တမြားတို့ဖြင့် သွန်းလုပ်ပူဇော်ခွင့် ပြုပေးသနားခဲ့သည်။

မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပူဇော်ပြီးစီးသောအခါ ရခိုင်ဘုရင်နှင့်တကွ ဆွေစဉ်မျိုးနွယ် မူး မတ်ဗိုလ်ပါတို့သည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို အမွှေးနံ့သာအစုံအလင်တို့ဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြကြာင်း ရာဇဝင်က ဆိုသည်။

ထိုမှကြွင်းကျန်လာသော နံ့သာရေစင်တို့ကို ဘုရင်နှင့်တကွ နန်းတွင်းသူနန်းတွင်းသားများသည် တစ်ဦးကိုတစ်ဦး ပက်ဖျန်း ကျီစယ်ကြရာမှစတင်ကာ နောင်တစ်ချိန်တွင် သင်္ကြန်ရေစင်သွန်း လောင်းသော ရိုးရာဓလေ့တစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်းဆိုကြသည်။ ထိုအယူအဆအတိုင်းဆိုပါလျှင် ရခိုင်လူမျိုး တို့၏ ရခိုင်ရိုးရာင်္ကြန်ပေါ်ပေါက်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ပင် ကျာ်ခဲ့ပြီးဟု ဆိုရမည် ဖြစ်၏။

(ငါး)

စာပေကျမ်းဝန်များ၏အလိုတွင်တော့ သင်္ကြန်သည် ရခိုင်နှင့် မြန်မာတို့၏ ရိုးရာစစ်စစ် မဟုတ်ပဲ အိန္ဒိယ မှဆင့်ပွားရောက်ရှိလာသော ယဉ်ကျေးမှုတစ်ခုသာဖြစ်ကြောင်း ဆိုသည်။ ဟိန္ဒူယဉ်ကျေးမှုတွင် ကလေးတစ် ဦးမွေးဖွားသောအခါနပြမင်္ဂလာ၊ လပြမင်္ဂလာ၊ ကွမ်းခွံ့မင်္ဂလာ၊ ထမင်းခွံ့မင်္ဂလာ၊ ပုခက်တင်မင်္ဂလာ၊ အမည်ပေးမင်္ဂလာစသဖြင့် မင်္ဂလာများရှိသည့် အထဲမှ သင်္ကြန်မှာလည်း မင်္ဂလာတစ်ခုပင် ဖြစ်ကြောင်း ဆိုသည်။

သင်္ကြန်ဆိုသောစကားလုံးသည် သင်္ကန္တဆိုသော ပါဠိစကားမှ ဆင်းသက်လာသည်ဟု ဆိုသည်။ သက္ကဋလေယူလေသိမ်း ရရစ်သံဖြင့် သင်္ကြန္တဟု ရွတ်ဆိုရကြောင်း ဆို၏။ ထိုလေယူလေသိမ်းသံမှာ ရခိုင်သံနှင့် အနီးစပ်ဆုံးတူသည်။ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရ၏။သူရိယသိဒန္တကျမ်းအလိုတွင် ၃၆၅ ရက်၊ နာရီ၊ ၁၂ မိနစ်နှင့် ၃၇ စက္ကန့်ပြည့်သောအခါ တနင်္ဂနွေ ရဝိဖုဋဂြိုလ်စင် သည် မိသာရာသီအစ သုံည သို့ကျရောက်သည်။

ဗေဒင်ကျမ်းဂန်များ၏အလိုအရသော် ရဝိဖုဋဂြိုလ်ဝင်ရောက်ပြီးချိန် သုံည မှ စရေတွက်လျှင် ရက်၊ နာရီ၊ မိနစ်၊ ၄၀ စက္ကန့် ရောက်သောအခါ နှစ်သစ်ကူးခြင်း ဖြစ်ပေါ်သည်ဟု ဆို၏။ သင်္ကြန် အတာကူးချိန်ပင်ဖစ်၏။ ကူးပြောင်းခြင်းဆိုသော အဓိပ္ပါယ်အရ တစ်နှစ်ပတ်လုံးတွင် ရာသီ(၁၂) ခွင်ကို အကြောင်းပြုကာ သင်္ကြန်ချိန် (၁၂) ကြိမ် ရှိသည်ဟု ဆို၏။ ရာသီခွင်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းချိန်အစသည် သင်္ကြန်ချိန်ဖြစ်၏။ သို့သော် ထိုသင်္ကြန်ချိန်တို့ကို စူဠသင်္ကြန်ဟုခေါ်ပြီး မဟာသင်္ကြန်ကို တနင်္ဂနွေဂြိုလ်ရွေ့ လျှားခြင်းဖြင့် တိုင်းတာခဲ့ကြသည်ဟု ဆိုသည်။

 (ခြောက်)

မည်သို့ပင်ဖြစ်စေ ရခိုင်လူမျိုးတို့၏ သင်္ကြန်ရေသဘင်ပွဲဆင်နွှဲကြပုံသည် မည်သည့် လူမျိုးတို့နှင့်မျှ တူဘဲ ကွဲပြားသော အမူအကျင့်များစွာ ရှိသည်။ ရခိုင်လူမျိုးတို့တွင် သင်္ကြန်နှင့်ပတ်သက်၍ ရခိုင်သင်္ကြန်အ စာတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့၊ လူပျိုသ င်္ကြန်၊ ဝါကြီးသင်္ကြန်( မင်းကျွန်သင်္ကြန် သို့မဟုတ် လူအိုသင်္ကြန်) ကျွန်းသင်္ကြန် စသဖြင့် ရှိသည်။

 ရခိုင်လူမျိုးတို့၏ ရိုးရာအစဉ်အလာအရ သင်္ကြန်အကြိုနေ့သည် ရေမလောင်းရသောနေ့ ဖြစ်သည်။ ဗုဒ္ဓဘာသာကို အထွဋ်အမြတ်ထားသောလူမျိုးဖြစ်သောကြောင့် နံ့သာသွေးခြင်းနှင့် ဘုရားရီချိုး(ဘုရားရေ သပ္ပါယ်) အမှုတို့ကို အဦးဆုံး ပြုလုပ်ပြီးမှသာ လူတို့အတွက် သင်္ကြန်ချိန်ခါကို ကျရောက်ရလေသည်။ သင်္ကြန် အကြိုနေ့များတွင် ရခိုင်မိန်းမပျိုလေးများသည် အမွှေးနံ့သာတို့ကို အပြိုင်အဆိုင်သွေးကာ နံ့သာသွေးပွဲ ဆင်နွဲကြသည်။ ထိုနံ့သာရည်တို့ဖြင့်ပင် မြတ်စွာဘုရားကို အဦးဆုံး ရေသပ္ပါယ်ခြင်းကို ပြုလုပ်ကြ သည်။ ချစ်စရာရိုး ရာ ဓလေ့တစ်ခုပင် ဖြစ်၏။

ရခိုင့်ကျေးလက်ဒေသများတွင် သင်္ကြန်အခါကြီးနေ့ကြီးများ၌ လူငယ်လူရွယ်များက မိဘဘိုးဘွားများ ကိုကျောင်းကန်ပုထိုးများသို့ သွားရောက်ကာ ဥပုပ်သီလဆောက်တည်င်ရန် အခွင့်အခါ ပေးတတ်ကြသည်။ လူကြီးမိဘများ ဥပုပ်သီလ ဆောက်တည်နေကြချိန်မျိုးတွင် လူငယ်လူ ရွယ်များက ဆွမ်းချက်၊ ဆွမ်းပို့စသော ကုသိုလ်ကောင်းမှုများကို အိမ်တွင်နေရင်း ပြုလုပ်ကြရသည်။

 နှစ်ဆန်း တစ်ရက်နေ့ကိုကျော်လွန်ပြီးချိန်မှသာ လူငယ်များရပက်ကစားကြရသည်။ မိုးဦးမကျမချင်း ရေပက်နိုင်သော အချိန်ဖြစ်သည်။ ထိုသို့ သင်္ကြန် မျိုးကို ကျွန်းသင်္ကြန်ဟု ခါ်သည်။ လဆန်းရက်များတွင်ကျရောက်သောသင်္ကြန်ကို ရခိုင်တို့က လူပျိုသင်္ကြန်ဟုခါ်သည်။ လဆုတ် ရက်များတွင် သင်္ကြန်ချိန်ခါကျရောက်ပါက ၀ါကြီးသင်္ကြန်(လူအိုသင်္ကြန်) ဟုခါ်သည်။

မြို့နေလူထု ရခိုင် သားများသည်ရလောင်းမဏ္ဍပ်များဆောက်လုပ်ကာရပက်စကားသောဓလေ့ ရှိသည်။ မဏ္ဍပ်များတွင် လောင်းလှေများကို ရေအပြည့်ဖြည့်ထားပြီးရပက်ခံမည့် ရခိုင်လှပျိုဖြူများမှ မဏ္ဍပ်သို့ ရေပက်လာလည်ကြသူများကို ဧည့်ခံ၍ အပြန်အလှန်ပက်ဖြန်းပေးရသည်။ ရွာသင်္ကြန်များတွင် သင်္ကြန်ချိုင်ပွဲ(သင်္ကြန်ချည်ပွဲ) ဟု ရှိသည်။ အစအနောက်သန်တတ်သော သူများကို ရွာမှလူတချို့စုကာ ဝိုးင်းဝန်းဖမ်းဆီးပြီး အိုးမည်းများသုတ်လိမ်းလျှက် အကမျိုးစုံကိုကခိုင်းသောဓလေ့ဖြစ်သည်။

အဖမ်းခံရသူသည် လူအုပ်ကြီးခေါ်ဆောင်ရာသို့လိုက်ပါရပြီး ကခိုင်းသည့်အကကိုလည်း စိတ်မဆိုးစတမ်း ကပြဖျော်ဖြေပေးရသည်။ ရွာထဲမှလူကြီးလူငယ်တို့ကလည်း ထိုသူအတွက်ငွစများဆုချကြသည်။ ရရှိသာငွေစများကို ကုသိုလ်ဖြစ်အသုံးပြုတတ်ကြသည်။ ချစ်စရာဓလေ့တစ်ခုပင် ဖြစ်၏။

(ခုနစ်)

ယခုအချိန်တွင် ရခိုင့်ကိုယ်ပိုင်မူဟန် ရိုးရာသင်္ကြန်ဆင်နွဲကြပုံများ ရခိုင်တွင် တစ်စစနှင့် မှေးမှိန်ပျောက် ကွယ်လာခဲ့ကြပြီဖြစ်သည်။ ရခိုင့်အငွေ့အသက်နှင့် အမျိုးသားရေး လက္ခဏာများကို ထိန်းသိမ်းသော မြို့တချို့ တွင်သာ ရခိုင့် ရိုးရာသင်္ကြန်မူမှန်တို့ကို ဆင်နွဲလျှက်တွေ့မြင်နိုင်ပြီး အများစုမှာ ရောထွေးကွယ်ပျောက်ခဲ့ကြပြီဖြစ်သည်။

ရခိုင်ပြည်နယ်၏တောင်ဘက်ပိုင်းကျသောမြို့နယ်များတွင် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲတော်တို့ကို မမြင်တွေ့ကြရသည်မှာကြာခဲ့ပြီဖြစ်သည်။ မဏ္ဍပ်တွင်လာင်းလှေများနှင့်ရေဖြည့် ကာပက်ကြရသော သင်္ကြန်အခင်းအကျင်း မျိုးသည်လည်း တစစ ကွယ်ပျောက်လာခဲ့ပြီ ဖြစ်လေသည်။

 မည်သို့ပင်ဖြစ်စေ တန်ခူးလေရူးကလေးများ တသုန်သုန်တိုက်ခတ်လာပြီဆိုလျှင်တော့ ရက္ခိတဒိုင်ယာစပိုရာများ၏ အဖရခိုင်ပြည်တော်ပြန်ခရီးကို နှစ်စဉ်နှစ်တိုင်းမြင်တွေ့ရမြဲပင်ဖြစ်၏။ တန်ခူးလ အချိန်ကာလသည် ရခိုင်လူမျိုးတို့အတွက် အမျိုးချစ်စိတ်နှင့်ဒသချစ်စိတ်ကို ပြသသောကာလစ်ခုဟုဆိုလျှင် မမှားနိုင်ပေ။ ရှေ့ဆက်၍လည်းဆာင်းခိုချိန်ကြိုးကြာငှက်အုပ်များ၏

ဧဝရတ်တောင်ကျော်ခရီးကဲ့သို့၊ ဆော်လမွန်ငါး တို့၏ သမုဒ္ဒရာကိုကျော်ဖြတ်သော ဇာတိမြေ အပြန်ခရီးကဲ့သို့၊ ရက္ခိတဒိုင်ယာစပိုယာများ၏ အဖရခိုင်ပြည်တော်ပြန်ခရီးက ဆက်လက် တည်ရှိနေဦးမည်ဟု ယုံကြည်မိပါတော့သည်။

 ရက္ခ

ဆက်စပ် သတင်းများ