ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

စစ်တွေ ကယ်ဆယ်ရေးတံတားအနီး ထိုးသွင်းဒဏ်ရာများနှင့် အမျိုးသား ၁ ဦး သေဆုံးလျက်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

နိရ ဉ္စရာ၊ ဇူလိုင် ၁၄/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကယ်ဆယ်ရေးတံတားအနီးတွင် ထိုးသွင်းဒဏ်ရာများနှင့် အမျိုးသားအလောင်းတစ်လောင်းကို ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီခန့်က အနီးအနားမှ ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းမှာ စစ်တွေမြို့နယ်၊ မင်းဒရားချိတ်ရွာဟောင်းကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဦးကျော်လှဌေး၏အလောင်းဖြစ်ပြီး ၎င်း၏ နောက်ကျောနှင့်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများတွေ့ရှိရသဖြင့် လူသတ်မှုဖြစ်နိုင်ကြောင်း အလောင်းကိုသွားရောက်သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုသာကီဖြိုးက နိရ ဉ္စရာသို့ပြောသည်။
"ကျနော်တို့ကြည့်တာကတော့ လူသတ်မှုလို့ခန့်မှန်းလို့ရပါတယ်။ သူ့မှာဒဏ်ရာက ကျောမှာတစ်ချက်၊ ရင်မှာတစ်ချက်ရယ်၊ နောက်ပြီးတော့ ခေါင်းမှာလည်းရှိပါတယ် ဒဏ်ရာက။ ခေါင်းမှာက နဖူးမှာ နည်းနည်းပေါက်နေတဲ့ ဒဏ်ရာပါ" ဟုပြောသည်။
လက်ရှိတွင် အဆိုပါအလောင်းကို စစ်တွေဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ထားပြီး သေဆုံးသွားသူ၏ မိသားစုဝင်များနှင့်လည်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ဆက်သွယ်ပေးနေကြောင်း သိရသည်။ (NN-8)
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ