ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၄ (နိုင်ငံတကာ)
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှ တူရကီလိုလားသည့် တပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့တစ်မြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲခဲ့ပြီး လူရှစ်ဦး သေဆုံးပြီး ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း စစ်စောင့်ကြည့်သူတစ်ဦးက ပြောကြောင်း AFP သတင်းတွင် ဖော်ပြသည်။
၎င်းဗုံးပေါက်ကွဲမှုသည်အလက်ပိုပြည်နယ် Azaz မြို့တွင် မွတ်စလင်တို့၏ ရာမဒန်ဥပုသ်လအတွင်း ညသန်းခေါင်ကျော် ဈေးဝယ်ထွက်သည့်အချိန်တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
“လူကြိုက်များတဲ့ ဈေးအလယ်မှာ ကားဗုံး ပေါက်ကွဲလို့ လူ ရှစ်ဦး သေဆုံးပြီး ၂၃ဦး ဒဏ်ရာရပါတယ်” ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောသည်။
ဗြိတိန်အခြေစိုက် ဆီးရီးယားနိုင်ငံတွင်း ချိတ်ဆက်ထားသည့် စောင့်ကြည့်လေ့လာရေးဌာနက အဆိုပါ ပေါက်ကွဲမှုသည် သိသိသာသာပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းရှိ တူရကီလိုလားသော တပ်ဖွဲ့များထိန်းချုပ်ထားသည့် နေရာများတွင် ဗုံးပေါက်ကွဲမှုများနှင့် အခြားသော လုံခြုံရေးဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုသည်။
Ref: AFP