တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာအကောင်အထည်ဖော်ခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည့် မြန်မာစစ်အစိုးရကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးကပြစ်တင်ဝေဖန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

(မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းပြဿနာကိုမြန်မာစစ်အစိုးရ က ဆွေးနွေဖြေရှင်းလိုစိတ်လည်းမရှိဟုပြစ်တင် ဝေဖန်)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၇/၂၀၂၄

အာဆီယံ၏ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာအကောင်အထည်ဖော်ခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည့် မြန်မာစစ်အစိုးရကို အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ကပြစ်တင် ဝေဖန်လိုက်ကြောင်း The Diplomat ကဖော်ပြချက်အရသိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းပြဿနာကိုမြန်မာစစ်အစိုးရ က ဆွေးနွေဖြေရှင်းလိုစိတ်လည်းမရှိကြောင်း၊ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်သော (၅၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး (AMM) နှင့် ဆက်စပ်အစည်းအဝေး များ အပြီး၊ဇူလိုင်(၂၆)ရက် တွင် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆုဒါ က အထက်ပါအတိုင်း ပြစ်တင် ဝေဖန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီးအာဆီယံ၏ ဘုံသဘော တူညီချက်(၅)ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိကြောင်း မာဆူဒီ က ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန၏ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်မြန်မာစစ်တပ်က အာဏာသိမ်းပြီး နှစ်လအကြာတွင်ချမှတ်ခဲ့သည် အာဆီယံဘုံသဘောတူညီချက်၏ အရေးကြီးဆုံးချက်များကို မြန်မာစစ်အစိုးရအနေဖြင့် အကောင်အထည် ဖော်ရန် ကြိုးပမ်းခြင်းမရှိခဲ့ဘဲ စစ်အစိုးရအားတွန်းလှန်တိုက်ခိုက်နေသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များကို အင်အားအလွန်အကျွံသုံးကာပြင်းထန်စွာဖြင့် လက်တုံ့ ပြန်ခဲ့ကြောင်း နိုင်ငံခြားရေး၀န်ကြီး မာဆုဒါ က ပြစ်တင် ဝေဖန်ခဲ့သည်။

ြန်မာစစ်အစိုးရသည်အာဆီယံကအတည်ပြုချမှတ်ခဲ့သည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာမှုမရှိဘဲ သွေဖည်နေကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်း ပြဿနာကို မြန်မာစစ်အစိုးရက ဆွေးနွေဖြေရှင်းလို စိတ်လည်းမရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြစ်တင်ဝေဖန်ခဲ့သည်။ Source/The Diplomat

ဆက်စပ် သတင်းများ