စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးမမိုးဆန်းစုကြည်နှင့် NLD ဒုဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် လေးဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

ချစ်အိလှိုင်၊ ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၁ဝ/ ၂ဝ၂၁

 

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မမိုးဆန်းစုကြည်နှင့် ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် လေးဦး အဖမ်းခံရကြောင်း တောင်ကုတ်မြို့နယ် NLD မှတာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

 

သူတို့ လေးဦးစလုံးမှာ ရန်ကုန်မြို့တွင် နေထိုင်စဉ် တပ်မတော်သားအချို့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစိုးလေးအပါအဝင် သုံးဦးမှာ မေလ ၈ ရက်နေ့က ဖမ်းဆီးခံရပြီး မမိုးဆန်းစုကြည်မှာ ယမန်နေ့ မေလ ၉ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ပြောဆိုသည်။

 

ည ၉ နာရီခန့်မှာ ရန်ကုန်မြို့၊ လှည်းတန်းမြို့နယ် နေအိမ်ကနေ မမိုးဆန်းစုကြည်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဦးစိုးလေးနဲ့အတူ သုံးယောက်က မေလ ၈ ရက်နေ့ အဖမ်းခံရတာ။ မမိုးဆန်းစုကြည်က နောက်တစ်ရက် အဖမ်းခံရတာ။ ဖမ်းတဲ့နေ့မတူဘူး။ ဦးစိုးလေးတို့ကိုဖမ်းတဲ့အခါ မိုးဆန်းစုကြည်နေတဲ့နေရာကို နည်းနည်းရိပ်မိသွားတာဖြစ်မယ်ပေါ့။ ဦးစိုးလေးတို့ကတော့ ရန်ကုန်က NLD ရုံးချုပ်မှာ အဖမ်းခံရတာဟု ၎င်းက ပြောသည်။

 

ဦးစိုးလေးနှင့်အတူ ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ မောင်ဟိန်းမြင့်ထက်နှင့် ဦးဘမျိုးသိန်းတို့ဖြစ်ပြီး မေလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ဗဟိုဌာနချုပ်ရုံးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

 

သူနဲ့အတူ အဖမ်းခံရတဲ့ အထဲက ဦးဘမျိုးသိန်းဟာ ရခိုင်ကမဟုတ်ပါဘူး။ သူလည်း လွှတ်တော်အမတ်တစ်ယောက်ပါ။  ဖမ်းဆီးပြီးနောက် ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး" ဟု ပြောသည်။

ဆက်စပ် သတင်းများ