စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

သေနတ်ပစ်ခံရ၍ သေဆုံးသွားသည့် ALP ပါတီဒုဥက္ကဋ္ဌအပါအဝင် ၃ ဦးရုပ်အလောင်းအား ယနေ့သင်္ဂြိုလ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 886

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက သေနတ်ပစ်ခံရ၍ သေဆုံးသွားကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အဖွဲ့ကွဲမှ ပါတီဒုဥက္ကဋ္ဌအပါအဝင် ဦး၏ရုပ်အလောင်းကို ယနေ့တွင် သင်္ဂြိုလ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ယနေ့ ဇူလိုင်လ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တွေသုသာန်၌ မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်ပြီး သုသာန်အနီးတဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ALP တပ်ဖွဲ့ဝင်များက လုံခြုံရေးအထူးတင်းကျပ်ထားသည်ကိုတွေ့ခဲ့ရသည်ဟုလည်း မျက်မြင်တစ်ဦးက ပြောသည်။

ကျနော် ခုနက အဲဒီဘက်ကိုတစ်ခေါက်သွားဖြစ်တော့ အဲဒီမှာ သူတို့ အလောင်း လောင်းကို သင်္ဂြိုလ်နေတာတွေ့ရတယ်။ လုံခြုံရေးတွေကတော့ အများကြီးပဲဟု ပြောသည်။

သေဆုံးသွားသူ ဦးမှာ ဒေါ်စောမြရာဇာလင်းဥက္ကဋ္ဌအဖြစ်ဦးဆောင်သော ALP အဖွဲ့ကွဲမှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ဖြစ်ကြသည်။

သူတို့ ဦးသည် နောက်ထပ် ALP တပ်ဖွဲ့ဝင် ဦးဖြစ်သည့် ခိုင်ဗိုလ်မင်း၊ ခိုင်ကျော်မင်းစိုးနှင့် ခိုင်ကျော်ရဲအောင်တို့နှင့်အတူ ပြီးခဲ့သည့် ဇူလိုင်လ ရက်၊ နေ့လယ် နာရီခန့်တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဒေါ်စောမြရာဇာလင်း၏နေအိမ်မှ အနက်ရောင်အိမ်စီးကားတစ်စီးဖြင့်အပြန် စစ်တွေတက္ကသိုလ်နှင့် ရထားသံလမ်းအနီးသို့အရောက်တွင် အမည်မသိလက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ပစ်ခတ်ခံခဲ့ရ၍ ALP ပါတီ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်ပါလာသည့် တပ်ဖွဲ့ဝင် ဦးမှာလည်း လက်နှင့်ပေါင်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်။

သေဆုံးသွားသူ ဦး၏ရုပ်အလောင်းကိုမူ ယင်းနေ့မှစတင်ကာ စစ်တွေဆေးရုံကြီး ရင်ခွဲရုံတွင် အအေးခန်းဖြင့် ထိန်းသိမ်းထားခဲ့ပြီး ယနေ့တွင် မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသွားသည့် တပ်ဖွဲ့ဝင် ဦးကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ညတွင်းချင်းပင် သူတို့ကို စစ်ကောင်စီတပ်မှ စစ်ကားများဖြင့် ဆေးရုံမှ ခေါ်ဆောင် သွားခဲ့ကြသည်ဟု သိရသည်။

ALP
ပါတီဘက်က ယခုပစ်ခတ်မှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏လက်ချက်ဟု ဇူလိုင်လ ရက်တွင် ကြေညာချက်ထုတ်ပြန်စွပ်စွဲထားခဲ့သည်။

ULA/AA
ဘက်ကမူ ယခုကိစ္စမှာ ၄င်းတို့နှင့် လုံးဝ သက်ဆိုင်မှုမရှိဘဲ ALP ပါတီတွင်း အကွဲအပြဲများ၊ တစ်ဘက်နှင့် တစ်ဘက် မကျေနပ်မှုများကြောင့် ယခုကိစ္စဖြစ်ပွားခြင်းဖြစ်နိုင်သည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက တုံ့ပြန်ပြောဆိုထားသည်။

ယင်းအပြင် ALP အဖွဲ့ဝင်များသည် စစ်တွေမြို့တွင်းတွင် ပြည်သူများကို မတရား ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်မှုများ၊ ပြန်ပေးဆွဲငွေညှစ်မှု စသည့် ရာဇဝတ်မှုများကို တောက်လျှောက် ကျူးလွန်နေသည့် အတွက် စစ်တွေဒေသခံများကြားတွင်လည်း မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ တစ်စုံတစ်ဦးက လက်တုံ့ပြန်ခြင်းမျိုးဖြစ်နိုင်သည်ဟုလည်း ဦးခိုင်သုခက သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ရက်၊ မွန်းတည့်ပိုင်းကလည်း ALP ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် နောက်ထပ် တပ်မှူး ဦးတို့သည် စစ်တွေရှိ ဝေသာလီအားကစားကွင်း၌ စစ်ကောင်စီက ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့တက်ပြီး အိမ်စီးကားတစ်စီးဖြင့်အပြန် စက်ရုံစုရပ်ကွက်ရှိ ဆီဆိုင်တန်း အနီး၌ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့ရပြီး ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ရသေးသည်။ (NN-16)

ဆက်စပ် သတင်းများ