စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်သားများ စစ်တွေမြို့ထဲထိ ဝင်ရောက်ပြီး လမ်းသွားလမ်းလာများကို စစ်ဆေး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ယနေ့နံနက်က လက်နက်အပြည့်အစုံဖြင့် မြို့ထဲထိ ဝင်ရောက်ပြီး မ်းသွား လမ်းလာများကို စစ်ဆေးမှုများ ပြုုပ်နေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် စစ်တွေမြို့မစျေးကြီးအနီး သံပုရာသီးလမ်းဆုံတွင် မြို့တွင်း သွားလာနေသူများ၏ ဆိုင်ကယ်များကို စစ်ဆေးနေသည်ဟု မြို့ခံများက ပြောသည်။

ယင်းအနီးအနားမှ မြို့ခံတစ်ဦးက "ဆိုင်ကယ်တွေကို စစ်နေတာ။ ဈေးဘက်ကိုသွားတဲ့ ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီးတော့ သံပုရာလမ်းဆုံဘေးက မြေကွက်လပ်ထဲမှာ စစ်ဆေးနေတာပါ။ ဆိုင်ကယ်ဘောက်တွေ ဖွင့်ပြရတာတော့ မြင်နေတယ်" ဟု ပြောသည်။

စစ်တွေရှိ သံပုရာသီးလမ်းဆုံအနီးတွင် ယခင်က စစ်ဆေးခြင်းများမရှိခဲ့ဘဲ ယခုမှ မည်သည့်အတွက် စစ်ဆေးနေသည်ကို မသိရဟုလည်း မြို့ခံများက ပြောသည်။

ယခုစစ်ဆေးနေသည့် အနီးအနားတွင်လည်း လက်နက်အပြည့်အစုံဖြင့် ရဲအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ကျော်ခန့်အထိ လုံခြုံရေး တိုးမြှင့်ယူထားသည်ဟု ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူ တစ်ဦးက ပြောသည်။



"ဘာလို့ စစ်တာလဲတော့မသိဘူး။ ကျွန်တော်ကဈေးသွားတာ။ ဆိုင်ကယ်ရပ်ခိုင်းပြီး စစ်ဆေးနေတော့ ဆိုင်ကယ်ဘောက်တွေကို ဖွင့်ပြခဲ့ရသေးတယ်။ အနီးအနားမှာလည်း လက်နက်တွေကိုင်ပြီး စောင့်ကြည့်နေတယ်" ဟု ပြောသည်။

ရဲ၊ စစ်သားများနှင့် ယာဉ်ထိန်းရဲများပူးပေါင်းပြီး မကြာခဏဆိုသလို စစ်တွေမြို့  လမ်းဆုံလမ်းခွတို့တွင် လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်နေ၍ မြို့တွင်းသွားလာနေသူများအနေဖြင့်လည်း စိုးရိမ်မှုများရှိနေကြသည်ဟု မြို့ခံများက ပြောဆိုကြသည်။

စစ်တွေတွင် မကြာခဏဆိုသလို လက်နက်ကိုင်များ၏ လုပ်ကြံသတ်ဖြတ်မှုများလည်း ပေါ်ပေါက်လျက်ရှိပြီး ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

ဓာတ်ပုံ - စစ်တွေမြို့မစျေးကြီးအနီး ယနေ့ စက်တင်ဘာ ၃ဝ ရက်၊ နံနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်။

ဆက်စပ် သတင်းများ