တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်ကောင်စီနှင့် MNDAA ၊ TNLA ၊ AA တို့ တရုတ်နိုင်ငံအကူအညီဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.6k

တရုတ်နိုင်ငံ၏ အကူအညီဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် MNDAATNLAAA အဖွဲ့မှ တာဝန်ရှိသူများသည် နိုင်ငံရေးအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ယနေ့ မြန်မာနိုင်ငံအဝန်း ထိတွေ့တိုက်ပွဲများနှင့် ထူးခြားဖြစ်စဉ်များကိုပြောကြားရာ၌ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

 ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAATNLAAA အဖွဲ့က တာဝန်ရှိတဲ့လူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာမူတည်ပြီး ဖြစ်ပေါ် တိုးတက်အပေါ် မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

ရခိုင်ပြည်နယ် တိုက်ပွဲဖြစ်စဉ်တွင် ဗောဓိကုန်းရဲကင်းစခန်းကို အဝေးကနေ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားသည်။

 

ဆက်စပ် သတင်းများ