အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် လက်နက်ကြီးကျည်ကျ၍ စနစ်သစ်‌တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား ၁ ဦးနှင့်‌ ကျောင်းသူ ၁ ဦးတို့ ဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

ရခိုင်ပြည် ၊စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းစစ်‌ ကောင်စီမှပစ်ခတ်လိုက်သော လက်နက်ကြီးကျ၍ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြေဆိုနေသည့်  ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးဒဏ်ရာရရှိကြောင်းသတင်းရရှိသည်။

စစ်တွေမြို့နယ်၊ ပါဒလိတ် အမှတ် (၇)အခြေ ခံ ပညာအထက်တန်းကျောင်းအနီး ကို ယနေ့ မတ် လ ၁၁ ရက်နေ့ နေ့လယ် ၁၂နာရီ အချိန်ခန့်က လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့ပြီး ကျည်စသည် ကျောင်းပြတင်းပေါက်တွင် စဉ်ကျလာပြီး စာမေးပွဲဖြေဆိုနေသည့် ‌ကျောင်းသားနှင့်ကျောင်းသူကို ထိမှန်သွားခဲ့သည်ဟု စစ်တွေဒေသခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

"  ပစ်တာက နေဗီကလား၊ တပ်ကလားမသိဘူး။ ကျောင်းနဲ့ ပေ၃၀ အကွာမှာကျတာ ပြတင်းပေါက်မှန်ကို ဖေါက်ပြီး ဝင်သွားတယ်။  စာမေးပွဲအချိန်‌ စေ့လို့ ခေါင်းလောင်းထိုး‌ နေတဲ့အချိန် သူတို့ကအခန်းထဲက မထွက်သေးဘူး' ဟုပြောသည်။

ကျောင်းသူတွင် နဖူးတွင်ဒဏ်ရာရရှိပြီး ကျောင်းသားထံတွင် ခါးနားတွင်ဒဏ်ရာရရှိသွားသည်ဟု စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" မိန်းကလေး နဖူးကွဲတယ်။ ယောက်ျားလေးက မိန်းကလေးထက်ဒဏ်ရာပိုများတယ်။ သူတို့ မိဘတွေက စစ်တွေမြို့ပေါ်မှာ ထပ်ဖြေခွင့်တောင်းတယ်တဲ့ " ဟုပြောသည်။

ထိခိုက်ရရှိသူများကို စစ်ကောင်စီ၏နယ်မြေခံ တပ်ဆေးရုံ ကုတင်(၁၀၀)သို့ ပို့ဆောင်ထားကြောင်းသိရသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကို ရက္ခိုင့်တပ်တော်(AA)မှပစ်ခတ်ခြင်းဖြစ်ပြီး စာမေးပွဲဖြေဆို၍ ပြန်လာသည့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတွင် ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီ၏  မတ်လ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် စွပ်စွဲဖော်ပြထားသည်။

ပါဒလိတ်ကျေးရွာအနီးတွင်  စစ်ကောင်စီ၏ ၂၃၂ တပ်အပါအဝင် ၃၄၄ တပ်နှင့် ပညာရေး(၁ဝ) လေ့ကျင့်ရေးတပ်များရှိသည်။

စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မတ်လ ၁၁ရက်နေ့မှ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံတွင် စတင်ကျင်းပနေကြောင်းသိရသည်။( NN-11) 

 

ဆက်စပ် သတင်းများ