တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒု-တပ်ကြပ် တစ်ဦး လက်နက်ချ


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးရွာအတွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ တပ်မ (၈၈) လက်အောက်ခံ၊ ခလရ (၇၇) တပ်ရင်းမှ ဒု-တပ်ကြပ်တစ်ဦးသည် မြို့လှ K-PDF ပြည်သူ့ကာကွယ်ရေးတပ်ရင်းထံသို့ လက်နက်ချပြီး အလင်းဝင်ခဲ့ကြောင်း သိရသည်။


လက်နက်ချပြီး အလင်းဝင်ခဲ့သူမှာ ဒု-တပ်ကြပ်အဆင့်ရှိ ကိုပေါညိမ်းဆိုသူ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ခလရ
 (၇၇)တပ်စခန်းကို မြို့လှ K-PDF တပ်ဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့စဥ် ဒု-တပ်ကြပ် ကိုပေါညိမ်းဆိုသူက လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း မြို့လှ K-PDF က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဒု-တပ်ကြပ် ကိုပေါညိမ်းကို
 မြို့လှ K-PDF ပြည်သူ့ကာကွယ်ရေးတပ်ရင်းက လွတ်လပ်စွာနေထိုင်ခွင့်နှင့် သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးလိုက်ကြောင်းလည်း ဖော်ပြထားသည်။

ဒု-တပ်ကြပ် ကိုပေါညိမ်းသည်
 မကွေးတိုင်း ချောက်မြို့နယ်အတွင်း ခလရ (၇၇) တပ်ရင်းမှ စခန်းချခဲ့စဉ်ကလည်း စ်ကြိမ်ထွက်ပြေးခဲ့ဖူးပြီး ပြန်လည်အဖမ်းခံခဲ့ရ၍ ချုပ်ရက် (၃)လ ကျခံခဲ့ရဖူးကြောင်း သိရသည်။

စက်တင်ဘာလ ၁ ရက်၊
 နံနက်အစော ၃ နာရီကျော်က ရွှေကူမြို့နယ်၊ ကျောက်ကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို မြို့လှ K-PDF တပ်ရင်းက အလစ်အငိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၅) ဦးသေဆုံးခဲ့ပြီး (၆) ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

တိုက်ပွဲသည်
 (၃) နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

မြို့လှ
 K-PDF တပ်ရင်းမှ တပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်၊၊ )

Photo - Myo Hla PDF

ဆက်စပ် သတင်းများ