တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသား/သူ ၃ ဦးနှင့် ကျောင်းဆရာ ၁ ဦး သေဆုံး


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်၏ လေကြောင်းပစ် ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ဦးနှင့် ကျောင်းဆရာ ဦးသေဆုံးပြီး ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ ဒွယ်လိုးမြို့နယ်၊ ထီးဂေါ်တာရွာမှ စောအယ်မူလား (၁၄)နှစ်၊ စောဘိုကြီး(၁၃)နှစ်၊ နော်ထီးခူဖေါ(၁၆)နှစ်နှင့် ကျောင်းဆရာ စောဖါးဒါး(၅၆)နှစ်တို့ဖြစ်သည်။

စက်တင်ဘာလ ရက်၊ နံနက် နာရီခွဲခန့်က ယင်းရွာထဲသို့ စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ယခုကဲ့သို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ကျောင်းဆရာမတစ်ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာလ () ရက်၊ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဖြင့် ခလယ်ထာ၊ တာခဲခဲ ဒေသ၌ ကြိမ်၊ ဂယ်ယူဒဲ ဒေသ၌ ကြိမ်နှင့် သေသူးခီးဒေသတွင် ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးမှုနှင့် အခြားသော ထိခိုက်ပျက်စီးမှုများကို စစ်ဆေးအတည် ပြုဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ အမှတ် နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် စက်တင်ဘာလ ရက်၊ နံနက် နာရီခွဲက ခေးပူအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် အဆိုပါကျေးရွာများသို့ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆိုထားသည်။

KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေး က နစက ဖက်က ကျဆုံးမှုပိုများလာတာနဲ့အမျှ လူထုအပေါ်ပစ်မှတ်ထား တိုက်ခိုက်တဲ့လုပ်ရပ်တွေ ပိုပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အဲဒါကို ကျွန်တော်တို့သုံးသပ်မယ်ဆိုရင် စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ပိုပြီးလုပ်ဆောင်လာတယ်။ သူတို့မှာ ဒီနည်းလမ်းတွေကိုပဲ ပိုပြီးတော့ လုပ်လာကြတယ်’’ ဟု သုံးသပ်ပြောကြားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် လယ်ဟိုး၊ နော်ရိုးထာ၊ သေသူးခီး၊ ဂယ်ယူဒဲ၊ ကော်ထယ်ဒဲ၊ ခေးပူ စသည့် ရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခြေခံ ပညာကျောင်းပေါင်း ၁၁ ကျောင်းလည်း ပိတ်ထားရကြောင်း သိရသည်။

တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အရေအတွက် အတိအကျ မသိရ သေးသော်လည်း ၎င်းတို့တွင် လက်ရှိအခက်အခဲများစွာနှင့်ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီများလည်း များစွာလို အပ်လျက်ရှိနေကြောင်း KNU မှ ဖော်ပြထားသည်။ (NN – 24)

Photo – Karen National Union

ဆက်စပ် သတင်းများ