သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးသွားသူနှစ်ဦး ပြန်လွှတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 694

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၁ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ နှစ်ဦးမှာ ယနေ နံနက် ၁ဝ နာရီအချိန်ခန့်က ပြန်လွှတ်မြောက် လာကြောင်း သတင်းရရှိသည်။

ခေါင်းတုတ်ကျေးရွာမှ ဦးမောင်ရွှေအေး (၅၄) နှစ်နှင့် စဖိုသားကျေးရွာမှ ဦးကျော်ငြိမ်း (၅၃) နှစ်တို့အား စစ်ကြောင်း တစ်ခုမှ မတ်လ ၉ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

“ မနေ့က ဖမ်းသွားတဲ့ချိန်မှာ သူတို့က ကျွန်တော်တို့ရဲ့ မျက်နှာကိုဖုံးပြီ၊ နောက်ပြန်ကြိုး တုတ်ပြီးတော့ ခေါ်ဆောင် သွားတယ်။  မျက်နှာကို ဖုံးအုပ်ထားတာဆိုတော့ ဘယ်နေရာကို ခေါ်ဆောင်သွားတယ် ဆိုတာကိုလည်း ကျနော်လည်း မသိဘူး။ ဖမ်းသွားတဲ့အချိန်မှာတော့ တပ်က အင်အား ၃ဝကျော်လောက်  ရှိမယ် ထင်ပါတယ်။ သူတို့က အေအေကလား။ ဘယ်ကလဲ။  ဆိုပြီးတော့ စစ်ဆေးတယ်။ ကျောကုန်းတွေကို ခြေထောက်တွေနဲ့ တစ်ချိန်း နှစ်ချိန်းလောက် ကန်တာတော့ ရှိတယ်။ ဒီနေ့ မနက် ၁ဝ နာရီလောက်မှာတော့ နာဂရာကျေးရွာအနား မြစ်ကမ်းဘေးနားက လွှတ်ပေးလိုက်တယ်˝ဟု ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ဦးမောင်ရွှေအေးက နိရဥ္စရာသတင်း ဌာနသို့ ပြောကြားသည်။

ယခုကဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမှုနှင့် ပတ်သက်၍ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း မပြုဖို့ အရေးကြီးကြောင်း ပြောလိုသည်ဟု ၄င်းကဆက်ပြောသည်။

၄င်းတို့နှစ်ဦးမှာ ယမန်နေ့ နေ့လယ် ၁နာရီတိ အချိန်တွင် ခေါင်းတုတ်ကျေးရွာအတွင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခုနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသူများ ဖြစ်ကြသည်။

--------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၁ဝ / ၂ဝ၂ဝ






ဆက်စပ် သတင်းများ